ဆီးရီးယားကို ၁၄ ဂိုးပြတ်နိုင်

April 7, 2017

မြန်မာအမျိုးသမီးအသင်း ဆီးရီးယားကို ၁၄ ဂိုးပြတ်နိုင်

ဒီကနေ့ ဗီယက်နမ်မှာ ကန်သွားတဲ့ အာရှဖလားဘောလုံးခြေစစ်ပွဲ ဒုတိယပွဲစဉ်မှာ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းက ဆီးရီးယားအသင်းကို ၁၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲပထမပိုင်းမှာ ၇ ဂိုးသွင်းယူပြီး ဒုတိယပိုင်းမှာ ၇ ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။ မြန်မာအမျိုးသမီးအသင်းဟာ ပြီးခဲ့တဲ့ အဖွင့်ပွဲစဉ်တုန်းက အီရန်အသင်းကို ၂ ဂိုးပြတ်နဲ့ ပွဲဦးထွက် အနိုင်ရထားပါတယ်။
4 years Ago
Up