ဟော့ကိုင်းဒိုးကျွန်းအပါအဝင် ဂျပန်မြောက်ပိုင်းမှာ ဇန်နဝါရီလ ၂၉ ရက်က ဆီးနှင်းတွေ အလွန်ကျနေတာမို့ ယာဉ်အသွားအလာထိခိုက်ခဲ့ပြီး လေကြောင်းခရီးစဉ်တွေကိုပါ ဖျက်သိမ်းခဲ့ရပါတယ်။
ဟော့ကိုင်းဒိုးကျွန်းကနေ အသွားအပြန် လေယာဉ်ခရီးစဉ် ၇၈ ခု ဖျက်သိမ်းခဲ့ရတယ်လို့ NHK သတင်းဌာနက ကြေညာပါတယ်။
ဒါ့အပြင် ရထားခရီးစဉ်တွေကိုလည်း ရပ်ဆိုင်းခဲ့ရပါတယ်။ ဇန်နဝါရီ ၃၀ ရက် ဆိုရင် ဟော့ကိုင်းဒိုးနဲ့ ဂျပန်အရှေ့မြောက်ပိုင်း နေ့ရာတချို့မှာ ဆီးနှင်းထု ၆၀ စင်တီမီတာကျဆင်းနိုင်တယ်လို့ ဂျပန်မိုးလေဝသဌာနက သတိပေးထားပါတယ်။
ဒါကြောင့် ဒေသခံတွေအနေနဲ့ နှင်းမုန်တိုင်း၊ လေပြင်း ၊ နှင်းတောင်ပြိုတာနဲ့ လျှပ်စစ်မီးပြတ်တောက်တာတွေကို သတိထားကြဖို့ မိုးလေဝသဌာန တာဝန်ရှိသူတွေက နှိုးဆော်ထားပါတယ်။