ရုပ်ရှင်ပိတ်ကားပေါ်မှာ သွက်လက်တဲ့ မင်းသား စတီဗင် ဆီးဂဲလ်ရဲ့ အာခီဒို ကိုယ်ခံပညာတွေကို ဆားဘီးယား အထူးရဲတွေကို သင်ကြားပေးစေလိုတယ်လို့ ဘဲလ်ဂရိတ်မြို့တော်ဝန်က ပြောပါတယ်။
နိုင်ငံနဲ့လူတွေကိုချစ်တဲ့ ဆီးဘီးယားကိုလာတဲ့ နာမည်ကြီးတဦးကို နောက်ထပ်လာစေချင်ပါတယ်လို့ မြို့တော်ဝန်က ပြောပါတယ်။
ဒါပေမယ့် လာမယ့်နှစ်မှာ ရုပ်ရှင်ဇာတ်ကားအသစ်တွေကို ထုတ်လုပ်ဖို့ရှိနေတဲ့ ဆီးဂဲလ်အတွက် ရဲတွေကို သင်ကြားပေးဖို့ ဆီးဂဲလ်မှာ အချိန်အလုံအလောက်ရှိရဲ့လား ဆိုတာက မရှင်းလင်းဘူးလို့ ဗြိတိန် အင်ဒီပဲဒန့်သတင်းက ရေးပါတယ်။
ဆားဘီးယားနိုင်ငံ ဘဲလ်ဂရိတ်ကို ၃ ရက်ကြာ အလည်အပတ်ရောက်ရှိလာတဲ့ အသက် ၆၃ နှစ်အရွယ် ဆီးဂဲလ်ကို ၀န်ကြီးချုပ်နဲ့ သမ္မတကလည်း လက်ခံတွေ့ဆုံခဲ့ပါတယ်။
ဒါ့အပြင် အလည်အပတ် ခရီးစဉ်အတွင်း ဆီးဂဲလ်ရဲ့ လူသားချင်းစာနာမှု အကူအညီတွေအတွက် ဘဲလ်ဂရိတ်အခြေစိုက် ကာရစ်ညီအစ်ကိုများ ဖောင်ဒေးရှင်းကလည်း ဆုချီးမြှင့်ခဲ့ပါတယ်။
7 years Ago