ဆီးဂိမ်း‌တွင်

November 13, 2016

ဆီးဂိမ်း‌တွင် ‌ပြေးခုန်‌ပစ်‌အားကစား ငွေနှင့်ကြေးတံဆိပ်ဆုများသာ မျှော်မှန်း

မြန်‌မာနိုင်‌ငံ‌ ပြေးခုန်ပစ်‌အားကစားအဖွဲ့အ‌နေနဲ့ လာမယ့်‌မ‌လေးရှားဆီးဂိမ်းမှာ ‌ရွှေဆု‌ရရှိဖို့မကျိန်း‌သေဘဲ ‌ငွေတံဆိပ်‌နဲ့‌ ကြေးတံဆိပ်‌ဆု‌တွေပဲ‌ မျှော်‌မှန်းနိုင်‌မယ်‌လို့ ‌ပြေးခုန်‌ပစ်‌အားကစားအဖွဲ့ တွဲဖက်‌အတွင်း‌ရေးမှူး ဦးထွန်းမြင့်‌က‌ပြောပါတယ်‌။ ‌ပြေးခုန်‌ပစ်‌ အားကစားအဖွဲ့ဟာ လက်‌ရှိအချိန်‌မှာ ကစားသမား‌တွေရဲ့ စိတ်‌ဓာတ်‌ပိုင်းဆိုင်‌ရာ၊ ကစားသမား‌တွေကို လိုအပ်‌တဲ့ အားကစားပစ္စည်း‌ ဖြည့်ဆည်း‌ပေးနိုင်‌မှု‌တွေ၊ အစားအ‌သောက်‌နဲ့‌ နေထိုင်‌မှုပုံ‌စံ‌တွေမှာ အခက်‌အခဲ‌တွေရှိနေပါတယ်‌။ ‌နောက်‌ပြီး‌တော့ ပြိုင်ပွဲ‌တွေကျင်းပ‌ပေးမှု နည်းတာကလည်း မျိုးဆက်‌သစ်‌ကစားသမား‌တွေ‌ ပေါ်ထွက်‌လာမှုနည်းပြီး စိတ်‌၀င်‌စားမှုလည်း‌ လျော့လာတယ်‌လို့ နည်းပြတဦးဖြစ်‌တဲ့ လက်‌‌ရွေးစင်‌‌ဟောင်း ‌ရွှေတံဆိပ်‌ဆုများရှင်‌ ‌ဒေါ်ခင်‌နန္ဒာမြင့်က ‌ပြောပါတယ်‌။ လက်‌ရှိအချိန်‌မှာ‌ ပြေးခုန်‌ပစ်‌အားကစားအ‌ဖွဲ့အ‌နေနဲ့ ‌နေပြည်‌‌တော်‌ Gold camp မှာ ကစားသမား‌တွေကို စခန်းသွင်း‌လေ့ကျင့်‌ထားပြီး‌တော့ ‌မ‌လေးရှားဆီးဂိမ်းအတွက်‌ပဲ မဟုတ်‌ပဲနဲ့ လာမယ့်ဆီးဂိမ်း‌တွေအတွက်‌ ရည်‌ရွယ်‌‌လေ့ကျင့်‌‌နေတာဖြစ်‌တယ်‌လို့ သိရပါတယ်‌။ ‌ပြေးခုန်‌ပစ်‌အားကစားအဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၁၅ စင်‌ကာပူဆီးဂိမ်းမှာ ‌ငွေ ၂ဆု ‌ကြေး ၃ ဆု ရရှိထားပါတယ်‌။ သတင်း၊ဓာတ်‌ပုံ-ထက်‌လူ
5 years Ago
Up