မလေးရှားနိုင်ငံမှာ ဒီကနေ့ကျင်းပတဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲ အမျိုးသမီး ဝူရှူး Qiangshu အမျိုးအစားပြိုင်ပွဲမှာ မြန်မာ ဝူရှူးအားကစားမယ် စန္ဒီဦးက တတိယကြေးတံဆိပ် ရရှိသွားပါတယ်။
ပထမ ရွှေတံဆိပ်ဆုကိုတော့ ဗီယက်နမ်က ရရှိသွားပြီး ဒုတိယ ငွေတံဆိပ်ဆုကိုတော့ အိမ်ရှင် မလေးရှားက ရရှိသွားပါတယ်။
ပြီးခဲ့တဲ့ရက်က ကျင်းပခဲ့တဲ့ အမျိုးသမီး ဝူရှူး Nanquan အမျိုးအစားပြိုင်ပွဲမှာတော့ မြန်မာ ဝူရှူးအားကစားသမား အေးသစ္စာမြင့်က ဒုတိယ ငွေတံဆိပ်ဆုတခု ရယူပေးထားပါတယ်။
5 years Ago