မလေးရှားနိုင်ငံမှာ ကျင်းပနေတဲ့ ၂၉ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာဘိလိယက်နဲ့ စနူကာ အားကစားအဖွဲ့ဟာ စတင်ယှဉ်ပြိုင်ခဲ့တဲ့ ပထနေ့ပွဲစဉ်မှာတင် ပြိုင်ပွဲအမျိုးအစား အကုန်လုံးမှာ အနိုင်ရရှိခဲ့ပါတယ်။
မြန်မာ့လက်ရွေးစင် ဘိလိယက်ကစားသမား အောင်ဌေးနဲ့ မင်းစည်သူထွန်းတို့က ဗီယက်နမ်ကစားသမား ၂ ဦးကို MEN English Billiards Double ဆီမီးဖိုင်နယ်ပြိုင်မှာ ၃:၁ နဲ့ အနိုင်ရရှိပြီး ဖိုင်နယ်သို့ တက်ရောက်သွားနိုင်ခဲ့ပါတယ်။
ဒီနေ့ မလေးရှားစံတော်ချိန် ၁၈:၀၀ နာရီအချိန်မှာ ထိုင်း ဒါမှမဟုတ် စင်ကာပူအသင်းနဲ့ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရမှာလည်း ဖြစ်ပါတယ်။
စနူကာပြိုင်ပွဲမှာ ကိုထက်နဲ့ အောင်ဖြိုးအတွဲကတော့ ဖိလစ်ပိုင်အသင်းကို ၃ ပွဲပြတ်၊ 9 ball pool ပြိုင်ပွဲမှာတော့ မောင်မောင်(အားတီ) နဲ့ အောင်မိုးသူတို့အတွဲက ၉ ပွဲ ၇ ပွဲနဲ့ အနိုင်ရခဲ့ပါတယ်။
ဒါ့ကြောင့် စနူကာရော 9 ball pool ပြိုင်ပွဲမှာပါ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။
5 years Ago