ဆီးဂိမ်းဘောလုံးပြိုင်ပွဲအုပ်စု (ခ) ရဲ့ နောက်ဆုံးပွဲစဉ်တွေကို သြဂုတ် ၂၄ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာမှာ ထိုင်းအသင်းက ဗီယက်နမ်အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူခဲ့ပြီး အုပ်စုပထမနေရရသွားပါတယ်။
တခြားပွဲစဉ်မှာတော့ အင်ဒိုနီးရှားအသင်းက ကမ္ဘောဒီးယားကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး အုပ်စုဒုတိယနဲ့ ထိုင်းအသင်းနဲ့အတူ ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခဲ့ပါတယ်။
ထိုင်းအသင်းဟာ အုပ်စုပွဲစဉ် ၅ ပွဲကစားခဲ့ရာမှာ ၄ ပွဲနိုင် ၁ ပွဲသရေ ရမှတ် ၁၃ မှတ်နဲ့ အုပ်စုပထမရခဲ့တာဖြစ်ပြီး အင်ဒိုနီးရှားက ရမှတ် ၁၁ မှတ်နဲ့ အုပ်စုဒုတိယရခဲ့တာပါ။
ဗီယက်နမ်အသင်းကတော့ ရမှတ် ၁၀ မှတ်နဲ့ အုပ်စုတတိယပဲ ရခဲ့တာကြောင့် ပြိုင်ပွဲကနေ နှုတ်ဆက်ခဲ့ရပါတယ်။
အုပ်စု (ခ) မှာ ထိုင်းအသင်းက အုပ်စုပထမရ ခဲ့တာကြောင့် အုပ်စု (က) မှာ ဒုတိယရခဲ့တဲ့ မြန်မာအသင်းနဲ့ ဆီမီးဖိုင်နယ်မှာ တွေ့ဆုံမှာပါ။
အိမ်ရှင်မလေးရှားအသင်းကတော့ အုပ်စု (ခ) မှာ ဒုတိယရတဲ့ အင်ဒိုနီးရှားနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို လာမယ့် သြဂုတ် ၂၆ ရက်မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ကစားမယ့်ကွင်းနဲ့ အချိန်ကိုတော့ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
လွှမ်းမိုးအောင်
5 years Ago