မြန်မာနိုင်ငံ ကရာတေးဒိုအဖွဲ့ချုပ်အနေနဲ့ လာမယ့် ၂၀၁၇ မလေးရှားဆီးဂိမ်းအတွက် ပြင်ဆင်မှုအနေနဲ့ နိုင်ငံတော်အကူအညီမပါသေးဘဲ ငွေကျပ်သိန်း ၁၅၀၀ နီးပါး အသုံးပြုသွားမယ်လို့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာဝင်းဇော်က ဒီဗွီဘီကို ပြောပါတယ်။
ဒီလိုအသုံးပြုရတာဟာ မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဆီးဂိမ်းတုန်းက အောင်မြင်မှုရခဲ့သလိုမျိုး အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ ကရာတေးဒိုအားကစားနည်း အနေနဲ့ ဆီးဂိမ်းပြင်ဆင်မှုအနေနဲ့ ရန်ကုန်မြို့ အောင်ဆန်းကွင်းမှာ စခန်းသွင်းလေ့ကျင့်နေပြီးတော့ လက်ကျန် ၁၀ လအတွင်းမှာ အကောင်းဆုံးပြင်ဆင်ပြီး အောင်မြင်မှုတွေ ယူသွားမယ်လို့ အဖွဲ့ချုပ်ဥက္ကဋ္ဌက ပြောပါတယ်။
မြန်မာကရာတေးဒိုအဖွဲ့ချုပ်အနေနဲ့ ၂၀၁၃ မြန်မာနိုင်ငံက အိမ်ရှင်ပြုလုပ်တဲ့ ဆီးဂိမ်းမှာ ရွှေ ၂ ခု၊ ငွေ ၄ ခုနဲ့၊ ကြေး ၆ ခုထိ ရရှိခဲ့ပါတယ်။ အဲဒီဆီးဂိမ်းမှာ ကရာတေးဒို အားကစားနည်းဟာ မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ရွှေတံဆိပ်ကို ရယူးပေးနိုင်ခဲ့ပါတယ်။
စင်ကာပူဆီးဂိမ်းမှာတော့ ကရာတေးဒိုအားကစားနည်းကို ထည့်သွင်းယှဉ်ပြိုင်ခြင်း မရှိခဲ့ပါဘူး။
သတင်း - ထက်လူ
4 years Ago