ဆီးဂိမ်းတွင် မြန်မာအားကစားအဖွဲ့ ရွှေတံဆိပ် ၄ ခုဖြင့် အဆင့် ၇ တွင် ရပ်တည်

August 24, 2017

ဆီးဂိမ်းတွင် မြန်မာအားကစားအဖွဲ့ ရွှေတံဆိပ် ၄ ခုဖြင့် အဆင့် ၇ တွင် ရပ်တည်

မလေးရှားမှာ ကျင်းပနေတဲ့ ၂၉ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ၅ ရက်အတွင်း မြန်မာအားကစားအဖွဲ့ဟာ နိုင်ငံအလိုက် ရပ်တည်မှု အဆင့် ၇ မှာ ရှိနေပါတယ်။ သြဂုတ် ၂၄ ရက် မနက် ၁၀ နာရီအထိ မြန်မာအားကစားအဖွဲ့ဟာ ရွှေတံဆိပ် ၄ ခု၊ ငွေတံဆိပ် ၅ ခု၊ ကြေးတံဆိပ် ၈ ခု၊ ဆုတံဆိပ်စုစုပေါင်း ၁၇ ခု ရရှိထားပါတယ်။ အိမ်ရှင်မလေးရှားနိုင်ငံက ရွှေတံဆိပ် ၅၁ ခု၊ ငွေတံဆိပ် ၃၈ ခု၊ ကြေးတံဆိပ် ၃၂ ခု၊ စုစုပေါင်း ဆုတံဆိပ် ၁၂၁ ခုနဲ့ ဆုတံဆိပ်အများဆုံး ရရှိထားပါတယ်။ စင်ကာပူက ရွှေတံဆိပ် ၂၇ ခု၊ ဗီယက်နမ်က ရွှေတံဆိပ် ၂၇ ခု၊ ထိုင်းက ရွှေတံဆိပ် ၁၇ ခု၊ အင်ဒိုနီးရှားက ရွှေတံဆိပ် ၁၅ ခု၊ ဖိလစ်ပိုင်က ရွှေတံဆိပ် ၁၀ ခု အသီးသီး ရရှိထားပါတယ်။ Sea Games medal tally
4 years Ago
Up