ဆီးဂိမ်းတွင်

November 11, 2016

ဆီးဂိမ်းတွင် တိုက်ကွမ်ဒို မျိုးဆက်သစ်ကစားသမားများဖြင့် ယှဉ်ပြိုင်မည်

တိုက်ကွမ်ဒို အားကစားနည်းဟာ လာမယ့် မလေးရှားဆီးဂိမ်းပြိုင်ပွဲကို လူငယ်မျိုးဆက်သစ် ကစားသမားတွေနဲ့ပဲ အခြေခံပြီးတော့ သွားရောက်ယှဉ်ပြိုင်မယ်လို့သိရပါတယ်။ ဒီလိုသွားရောက်ယှဉ်ပြိုင်ရတာဟာ လက်ရွေးစင်နာမည်ကြီး ကစားသမားဟောင်း တော်တော်များများ အနားယူသွားတာကြောင့် ဖြစ်ပြီး ကစားသမားအသစ်တွေမှာ လုံလောက်တဲ့ အရည်အချင်းတွေပြည့်ဝနေပြီလို့ တိုက်ကွမ်ဒို အသင်းအုပ်ချုပ်သူ ဦးဖြိုးဇော်အောင်က ပြောပါတယ်။ လာမယ့်ဆီးဂိမ်းအတွက် ကစားသမား ၁၃ ဦးနဲ့ နေပြည်တော်မှာရှိတဲ့ Gold Camp မှာ ဇန်န၀ါရီလ ၁ ရက်နေ့ကတည်းက စခန်းသွင်းလေ့ကျင့်နေပြီးတော့ ကိုရီးယားနိုင်ငံသား နည်းပြ ၂ ဦးနဲ့လေ့ကျင့်နေတာပါ။ လာမယ့် ၂၀၁၇ ခုနှစ်အတွင်းမှာလည်း ကိုရီးယားနိုင်ငံကို joint Training အနေနဲ့သွားရောက်လေ့ကျင့်ဖို့ရှိနေပါတယ်။ ဆီးဂိမ်း ဆုတံဆိပ်မျှော်မှန်းချက်အနေနဲ့ကတော့ ရွှေ၊ငွေ၊ကြေး ဆုတံဆိပ် ၁ ခုစီရရှိဖို့ ရည်မှန်းထားတယ်လို့ အသင်းအုပ်ချုပ်သူကပြောပါတယ်။ မြန်မာတိုက်ကွမ်ဒိုအားကစားအဖွဲ့ဟာ ပြီးခဲ့တဲ့ စင်ကာပူဆီးဂိမ်းမှာ ငွေ ၂ ဆု နဲ့ ကြေး၁ ဆုပဲရရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ မျိုးဆက်သစ်ကစားသမားတွေနဲ့ ဆုတံဆိပ်တွေ ရရှိဖို့ မျှော်လင့်နေတာပါ။
6 years Ago
Up