ဆီးဂိမ်းဆုရ

September 23, 2017

ဆီးဂိမ်းဆုရ ကစားသမားများကို တပ်မတော်က ဂုဏ်ပြုချီးမြှင့်

၂၉ ကြိမ်မြောက် မလေးရှားဆီးဂိမ်းပြိုင်ပွဲမှာ ဆုတံဆိပ်ရခဲ့တဲ့ အားကစားသမားတွေကို တပ်မတော်က ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၂၂ ရက်က နေပြည်တော်ရှိ ဘုရင့်နောက်ရိပ်သာမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ ဆုတံဆိပ်ရတဲ့ ကစာသးမားတွေအပါအ၀င် အာဆီယံ တပ်မတော်(ကြည်း) များသေနတ်ပစ်ပြိုင်ပွဲက ဆုရကစာသမားတွေကိုလည်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လိုင်က ဆုကြေးငွေတွေ ချီးမြှင့်ခဲ့ပါတယ်။ ဆုချီးမြှင့်ရာမှာ တစ်ဦးချင်းပြိုင်ပွဲတွေမှာ ရွှေတံဆိပ်ရတဲ့ အားကစားသမားတစ်ဦးကို ငွေကျပ် ၈ သိန်း၊ ဒုတိငွေတံဆိပ်ရတဲ့ ကစားသမားတွေကို ငွေကျပ် ၄ သိန်းနဲ့ တတိယကြေးတံဆိပ်ရတဲ့ ကစားသမားတွေကို ငွေကျပ် ၂ သိန်းစီ ဂုဏ်ပြုခဲ့ပါတယ်။ အသင်းလိုက်ပြိုင်ပွဲတွေကနေ ရွှေတံဆိပ်ရတဲ့ ကစားသမားတွေကိုတော့ ကျပ် ၁၁ သိန်း ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။ “အရင်တုန်းက တပ်မတော်ကနေ နိုင်ငံ့လက်ရွေးစင်ဖြစ်ပြီး ဆုတံဆိပ်ရယူပေးတဲ့ ကစားသမားတွေကို အခုလို အခမ်းအနားနဲ့ ဂုဏ်ပြုပွဲလုပ်ဖူးပါတယ်။ ဒီနှစ်မှာတော့ ဆီးဂိမ်းမှာ ဆုတံဆိပ်ရတဲ့ ကစားသမားတွေအားလုံးကို ဂုဏ်ပြုပွဲလုပ်ပေးတာပါ။ ကစားသမားတွေအားလုံးကို ဂုဏ်ပြုပေးလို့ ၀မ်းသာပျော်ရွှင်ရပါတယ်” လို့ သေနစ်ပစ် ပြိုင်ပွဲကနေ ရွှေတံဆိပ်ရယူခဲ့တဲ့ မမေပိုးဝါ ကပြောပါတယ်။ မလေးရှားဆီးဂိမ်းမှာ တပ်မတော် သားအားကစားသမား ၂၅ ဦးပါဝင်ခဲ့ပြီး ရွှေတံဆိပ် ၂ ခု၊ငွေတံဆိပ် ၄ ခုနဲ့ကြေးတံဆိပ်  ၄ ခု ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ မြန်မာအားကစားအဖွဲ့ဟာ ပြီးခဲ့တဲ့ မလေးရှားဆီးဂိမ်းမှာ ရွှေတံဆိပ် ၇ ခု၊ ငွေတံဆိပ် ၁၀ ခု၊ ကြေးတံဆိပ်အခု ၂၀ ရခဲ့တာပါ။ ရွှေတံဆိပ်၇ ခုကိုတော့ ပိုက်ကျော်ခြင်းပြိုင်ပွဲကနေ ၄ ခု၊ ၀ူရှူးပြိုင်ပွဲကနေ ၂ ခုနဲ့သေနတ် ပစ်ပြိုင်ပွဲကနေ ၁ ခု ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ လွှမ်းမိုးအောင်
4 years Ago
Up