မလေးရှားနိုင်ငံမှာ ကျင်းပနေတဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲ ဘောလုံးပြိုင်ပွဲမှာ ဦးထွက် နိုင်ပွဲရယူပေးတဲ့ မြန်မာအမျိုးသား ယူ-၂၂ အသင်းကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဦးဆောင်သူတွေက အမေရိကန်ဒေါ်လာ ၅ သောင်း ဆုချီးမြှင့်ခဲ့ပါတယ်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နာယက ဦးအောင်ကိုဝင်းက ကန်ဒေါ်လာ ၃ သောင်း၊ ဥက္ကဋ္ဌ ဦးဇော်ဇော်နဲ့ ရန်ကုန်ယူနိုက်တက်အသင်းပိုင်ရှင် ဦးတေဇတို့က ကန်ဒေါ်လာ ၁ သောင်းစီ ပွဲအပြီးမှာ ပေးအပ်ချီးမြှင့်ခဲ့ကြတာ ဖြစ်ပါတယ်။
၂၉ ကြိမ်မြောက် ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် မြန်မာနဲ့ စင်ကာပူတို့ မနေ့က စတင်ယှဉ်ပြိုင်ခဲ့ရာမှာ မြန်မာအသင်းက တိုက်စစ်မှူး အောင်သူရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။
၂၀၁၇ ဆီးဂိမ်းဘောလုံးပြိုင်ပွဲ အုပ်စု က မှာ မြန်မာအသင်းဟာ အိမ်ရှင်မလေးရှား၊ စင်ကာပူ၊ ဘရူနိုင်း၊ လာအိုအသင်းတို့နဲ့ တအုပ်စုတည်း ကျနေပြီး အုပ်စု ဒုတိယပွဲစဉ်အဖြစ် လာမယ့် သြဂုတ် ၁၆ ရက်မှာ လာအိုအသင်းနဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
5 years Ago