ဆီဘောက်ဆာကား

May 23, 2019

အထက်​မင်းလှတွင် ​ဆီ​ဘောက်​ဆာ ၂ စီး မီး​လောင်

မ​ကွေးတိုင်း​ဒေသကြီး၊ မင်းလှမြို့နယ်၊​ ကုန်းကြီးဆီခြံကုန်းမှာ ​မေ ၂၂ ရက်​​ မွန်း​လွဲပိုင်းက ဆီဘောက်ဆာကား ၂ စီး ​ရေနံစိမ်းလှယ်​ရာက​နေ မီး​လောင်​မှုဖြစ်​ပွားခဲ့ပါတယ်။ မင်းလှမြို့နယ်​ မီးသတ်​ဦးစီးဌာန မြို့နယ်​ဦးစီးမှူး ဦး​ဝေ​ဖြိုး​အောင်​က  “ကုန်းကြီးဆီခြံကုန်းရှိ ကိုသက်​ပိုင်​တဲ့ဆီခြံမှာ ​ပေပါထဲက ​ရေနံစိမ်း​တွေကို ပိုက်​နဲ့ ဆီကန်​အတွင်းကို လှယ်​ရာ ဆီပိုက်​သံ​ကောက်​နဲ့ သံကန်​ပွတ်​တိုက်​ရာက​နေ မီး​လောင်​မှုဖြစ်​ပွားတာပါ။ မီး​လောင်​ ကျွမ်းရာ​နေရာကို မီးသတ်​တပ်​ဖွဲ့ဝင်​ ၁၂ ဦး၊ အရန်​မီးသတ်​တပ်​ဖွဲ့ဝင်​ ၅ ဦးမှ မီးသတ်​​ရေသယ်​ယာဉ်​ သုံးစီးနဲ့ သွား​ရောက်​ငြိမ်းသတ်​​ပေးခဲ့တာပါ” လို့ ​ပြောပါတယ်​။ မီး​လောင်​ကျွမ်းမှု​ကြောင့် ၂၂ ဘီးအဖြူ​ရောင်​တွဲကာ ​ခေါင်းခြမ်း ​တန်​ဖိုး ကျပ်​သိန်း  ၂၈၀ လောက်နဲ့ ၁၂ ဘီးအဖြူ​ရောင်​ ​ဘောက်​ဆာ အ​နောက်​ဘက်​ခြမ်းတာယာ ၉ လုံး တန်​ဖိုး သိန်း၂၀ ကျပ်​လောက်၊စုစု​ပေါင်း ကျပ်​သိန်း သုံးရာနဲ့ သုံး​သောင်းဖိုး မီး​လောင်​ ဆုံးရှုံးခဲ့တယ်​လို သိရပါတယ်။ မင်းလှမြို့မရဲစခန်းက ကိုသက် (ခ) ကိုဘိုသက်ကို မီးပေါ့ဆမှု ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း-မင်းထီး
2 years Ago

June 21, 2018

ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ဆီဘောက်ဆာကားတစီး မီးလောင်

ဝမ်းတွင်းမြို့နယ်၊ ရွာရှည်ရွာအနီး ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၆၈ အနားမှာ ဇွန်လ ၂၀ ရက် ညနေက ဒီဇယ်ဆီသယ်လာတဲ့  ၈ ဘီး ဆီဘောက်ဆာကားတစီး နောက်ဘီး အပူလွန်ကဲ မီးလောင်ရာက လမ်းဘေးဈေးဆိုင်ကို ကူးစက်လောင်သွားတယ်လို့ ရွှေတောင်ရွာရဲစခန်းက ပြောပါတယ်။ ရန်ကုန်ဘက်ကိုမောင်းလာတဲ့ ဒီဇယ်ဆီ ဂါလန် ၂၈၀၀ သယ်လာတဲ့ ၈ ဘီး ဆီဘောက်ဆာကားဟာ နောက်ဘီးပေါက်တာ မသိဘဲဆက်မောင်းရာက အပူလွန်ကဲ မီးလောင်မှုကြောင့် မီးသတ်ကား ၁၈ စီးနဲ့ ငြှိမ်းသတ်ခဲ့ရပြီး လောင်စာဆီတွေ ဖြစ်တာကြောင့် မီးလောင်အားကောင်းပြီး ရွာရှည်ရွာ လမ်းဘေးက ဦးကျော်သန်းပိုင်တဲ့ မိဘငြိမ်း ကွမ်းယာဆိုင်၊ အကြော်ဆိုင်နဲ့ အအေးဆိုင်တွေ မီးကူးစက်လောင်ပါတယ်။ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းက “‎ကျောက်ဆည်ခရိုင်ထဲက မြစ်သား၊ ကျောက်ဆည်၊ ကူမဲက မီးသတ်ကားတွေရယ် မိတ္ထီလာခရိုင် ၄ မြို့နယ်က မီးသတ်ကားတွေရယ်၊ အားလုံးပေါင်း ၁၈ စီးနဲ့ မီးငြှိမ်းရတယ်။ မီသတ်တပ်ဖွဲ့ သန္ဓေအရံ အင်အား ၁၀၀ ကျော်နဲ့ မီးငြှိမ်းတာပါ။ ရေဂါလန် ၃ သောင်းလောက်နဲ့ အမြှုပ်ဆေးရည်ဂါလန် ၇၀ သုံးလိုက်ရတယ်” လို့ ပြောပါတယ်။ ရွှေတောင်ရွာရဲစခန်းမှူး ရဲအုပ်ကျော်နိုင်စိုး က “ကားတန်ဖိုးနဲ့ ဆီတန်ဖိုး ၁၅၂ သိန်း သတ်မှတ်တယ်။ လမ်းဘေးဆိုင်တန်ဖိုးသိန်း ၂၀ ရယ် ပေါင်းလိုက်ရင် ၁၇၂ သိန်း ဆုံးရှုံးတန်ဖိုးပါ။ ထွက်ပြေးသွားတဲ့ ကားသမားတွေကို အမြန်ဆုံးဖမ်းမိဖို့ လုပ်နေပါတယ်” လို့ ပြောပါတယ်။ ရွာရှည်ရွာဒေသခံတဦးက “လောင်စာဆီ ‎တွေက ရွာထဲအထိ စီးလာတယ်။ ရွာလူကြီးက အသံချဲ့စက်နဲ့ မီးသတိထားဖို့မီးခြစ်နဲ့ မီးဖိုမီးမသုံးဖို့ သတိပေးနေရတယ်” လို့ပြောပါတယ်။ ရွှေတောင်ရွာရဲစခန်းမှာ ထွက်ပြေးတဲ့ ကားသမားတွေကို မီးပေါ့ဆလို့ မီးလောင်မှု၊ ထွက်ပြေးမှု ‎ရာဇသတ်ကြီးပုဒ်မ ၂၈၅/၂၀၂ ဖြင့် (ပ) ‎၄၅/၂၀၁၈ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)  
3 years Ago
Up