ဆီသိုလှောင်ကန်

A d v e r t i s e m e n t With Us

December 9, 2020

ပုသိမ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု ၃ ဦးဒဏ်ရာရ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်-၁၃ ရပ်ကွက်၊ ဆီဇုံရပ်က ဦးဟာဆန်(ခ)ကျော်ကျော်ဦးရဲ့ ဆီကန်မှာ ဒီဇင်ဘာ ၈ ရက် ညနေ ၅ နာရီက မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီး လူ ၃ ဦးဒဏ်ရာ ရသွားပါတယ်။ မီးလောင်ကျွမ်းမှုဟာ ဆီသိုလှောင်ကန်မှာ လောင်ကျွမ်းတာကြောင့် တိုင်း/ခရိုင်/မြို့နယ် အဆင့် မီးသတ်တပ်ဖွဲ့ဝင်တွေက မီးသတ်ယာဉ်နဲ့ ရေသယ်ယာဉ် စုစုပေါင်း အစီး ၂၀ ကျော်နဲ့ မီငြှိမ်းသတ်ခဲ့ပြီး ည ၇ နာရီ ၁၅ မိနစ်လောက်မှာ မီးငြိမ်းသွားပါတယ်။ တိုင်းရဲတပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီးထွန်းရွှေက “မီးလောင်တဲ့နေရာမှာ မီးငြှိမ်းသတ်ခဲ့တဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁ ဦးနဲ့ အရပ်သား ၂ ဦးဒဏ် ရာရလို့ ပုသိမ်ပြည်သူ့ဆေးရုံကြီးကို ရဲဆေးစာနဲ့ ပို့ဆောင်ထားရတယ်” လို့  ပြောပါတယ်။ မီးလောင်တဲ့နေရာကိုတော့ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ ပရဟိတ အသင်းအဖွဲ့တွေနဲ့ တပ်မတော်သားတွေ လာရောက်ကူညီပေးခဲ့ကြပါတယ်။ မီးလောင်မှုကြောင့် ဂိုဒေါင် ၁ လုံး၊ ဆီပေပါ ၄၀ လုံး၊ တန်ဖိုးငွေ ကျပ်  ၉၄ သိန်းဖိုးလောက် ဆုံးရှုံးခဲ့ပြီး  ပိုင်ရှင်ဖြစ်သူ ဦးဟာဆန်(ခ)ကျော်ကျော်ဦးနဲ့ ဦးစိုးနိုင်(ခ)အနူကို ပုသိမ်မြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၂၈၅/၃၃၇ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ တိုင်းရဲတပ်ဖွဲ့က သိရပါတယ်။ သတင်း - မင်းထက်မုန်း(ပုသိမ်)
3 months Ago

December 28, 2019

ရေးမြို့နယ် အစင်ကျေးရွာ ဆီသိုလှောင်ကန် မီးလောင်

မွန်ပြည်နယ်၊ ရေးမြို့နယ် အစင်စံပြကျေးရွာရှိ မြတ်သူရ ကုမ္ပဏီပိုင် ဓာတ်အားပေးစက်ရုံ ဆီသိုလှောင်ကန်မှာ ဒီဇင်ဘာ ၂၈ ရက်နေ့ မနက် ၁၁ နာရီက မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။  ဒေသခံတွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက မီးသတ်ယာဉ်တွေနဲ့အတူ မီးကို ငြှိမ်းသတ်နေဆဲဖြစ်ပြီး အနီးအနားဝန်းကျင်ရှိ နေအိမ်တွေလည်း မီးစိုးရိမ်ရတာကြောင့် စတင်ဖယ်ရှားနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဆိုပါ ဓာတ်အားပေးစက်ရုံ ဆီလှောင်ကန်မှာ ရေးမြို့ပေါ်ရပ်ကွက် ၉ ရပ်ကွက်နဲ့ ကျေးရွာပေါင်း ၉ ရွာကို လျှပ်စစ်မီးဖြန့်ဖြူးပေးနေတဲ့ စက်ရုံဖြစ်ပါတယ်။ လက်ရှိမှာ လျှပ်စစ်မီး ယာယီဖြတ်တောက်ထားရတယ်လို့ ဆိုပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးမှုတန်ဖိုးကို မသိရသေးပါဘူး။ နေမျိုးထွဋ်
1 year Ago
Up