ဆီရီကို ခေါ်ယူရန်

February 17, 2018

နိုက်စ်ကွင်းလယ်လူ ဆီရီကို ခေါ်ယူရန် မန်ချက်စတာယူနိုက်တက် စိတ်ဝင်စားနေ

မန်ချက်စတာယူနိုက်တက်အသင်းဟာ နိုက်စ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဂျင်းန်မိုက်ကယ်ဆီရီ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ လာမယ့် နွေရာသီအပြောင်းအရွှေ့ကာလမှာ ပေါင် ၃၃ သန်းလောက်နဲ့ ခေါ်ယူဖို့ပြင်ဆင်နေတာဖြစ်ပြီး ကင်းထောက်တွေကလည်း စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကင်းထောက်တွေဟာ နိုက်စ်အသင်း အဝေးကွင်းမှာ လိုကိုမိုးတစ်မော်စကိုအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ လာရောက်ကြည့်ရှုခဲ့ပါတယ်။ အဆိုပါ အသက် ၂၆ နှစ်အရွယ် ကစားသမားကို ဘာစီလိုနာအသင်းကလည်း အပြိုင်အဆိုင် ခေါ်ယူလိုနေတာလည်းဖြစ်ပါတယ်။ အသင်းရဲ့ ကွင်းလယ်ကစားသမား ဖယ်လိုင်နီဟာလည်း အသင်းကနေ ထွက်ခွာတော့မှာဖြစ်လို့ အစားထိုးကစားသမားတစ်ဦးအဖြစ် ဆီရီကို မော်ရင်ဟိုအနေနဲ့ မျက်စိကျနေတာလည်း ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ အခုနှစ်ရာသီမှာ ကစာသမားခေါ်ယူမှုတွေ အများအပြားပြုလုပ်ထားခြင်း မရှိဘဲ ကစားသမားအင်အား ဖြည့်တင်းဖို့အတွက် မဖြစ်မနေ ကစားသမားသစ်တွေ ခေါ်ယူလိုနေတာပဲဖြစ်ပါတယ်။
4 years Ago
Up