ဆီမီးဖိုင်နယ်

July 8, 2018

ဆီမီးဖိုင်နယ်အဆင့်တွင် ရေပန်းစားသည့်အသင်းမရှိကြောင်း ပြင်သစ်နောက်ခံလူ ပြော

ဆီမီးဖိုင်နယ်အဆင့်မှာ ရေပန်းစားတဲ့အသင်းဆိုတာ မရှိဘူးလို့ ပြင်သစ် နောက်တန်းသမား ဗာရာနီက ပြောပါတယ်။ ဇူလိုင် ၁ဝ ရက်နေ့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်အဆင့်မှာ ပြင်သစ်နဲ့ ဘယ်လ်ဂျီယံတို့ ယှဉ်ပြိုင်ရမှာပါ။ နောက်တန်းသမား ဗာရာနီကတော့ ဘယ်လ်ဂျီယံအသင်းက လူငယ်တွေများပေမယ့် ရင့်ကျက်မှုရှိတဲ့ အသင်းကောင်းတသင်း ဖြစ်ပြီး ဘောလုံးကို လျင်လျင်မြန်မြန်နဲ့ ရွေ့လျားနိုင်တဲ့ ကစားသမားတွေ ရှိတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ခက်ခဲတဲ့ ပြိုင်ဘက်ဖြစ်တဲ့အတွက် အဲဒီပွဲမှာ အကောင်းဆုံးပေးဆပ်နိုင်ဖို့ လိုတယ်လို့ ဆိုပါတယ်။ နောက်တန်းသမား ဗာရာနီဟာ ဥရုဂွေးနဲ့ ကွာတားပွဲစဉ်မှာ ၁ ဂိုး သွင်းယူပေးထားပါတယ်။ ပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ကို ၆ ကြိမ် ရောက်ဖူးထားပါတယ်။
3 years Ago
Up