ဆီဗီးလား ၃ - ၁ ရှက်တာဒိုးနပ်

May 6, 2016

ဆီဗီးလား ၃ - ၁ ရှက်တာဒိုးနပ် (ရုပ်သံဟိုက်လိုက်)

ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် မေလ ၅ ရက်ညက ယှဉ်ပြိုင်ရာ စပိန်လာလီဂါကလပ် ဆီဗီးလားက ယူကရိန်းကလပ် ရှက်တာဒိုးနပ်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ ပထမပိုင်း ၉ မိနစ်မှာ ဆီဗီးလားတို့ ဂိုးစတင်သွင်းယူခဲ့ပေမယ့် ရှက်တာဒိုးနပ်က ၄၄ မိနစ်မှာ ချေပခဲ့တဲ့အတွက် ပထမပိုင်း အပြီးမှာတော့ ၁ ဂိုးစီ သရေကျခဲ့ပါတယ်။ ဒုတိယပိုင်း ၄၇ မိနစ်နဲ့ ၅၉ မိနစ်တွေမှာ ဆီဗီးလားက ၂ ဂိုးဆက်တိုက်သွင်းယူပြီး ရှက်တာဒိုးနပ်ကို အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။ ဒီပွဲမှာ ရှက်တာဒိုးနပ်အသင်း ဘောလုံးပိုင်ဆိုင်မှု အသာစီးရပေမယ့် ဆီဗီးလားက ဂိုးပေါက်ကန်သွင်းခွင့် ပိုမိုရရှိခဲ့ပါတယ်။ ပထမအကျော့မှာတော့ ၂ ဂိုးစီ သရေကျထားတဲ့အတွက် ၂ ပွဲပေါင်းရလဒ် ၅ ဂိုး ၃ ဂိုးနဲ့ ဆီဗီးလားတို့ ဗိုလ်လုပွဲ တက်ရောက်သွားတာ ဖြစ်ပါတယ်။ လက်ရှိချန်ပီယံ ဆီဗီးလားအတွက်တော့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ၃ နှစ်ဆက်တိုက် တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ၃ နှစ်ဆက်တိုက် ဖလားရရှိနိုင်မယ့် အခွင့်အရေး ရှိနေပါတယ်။
6 years Ago
Up