ဆီဗီလာကို

December 10, 2017

ဆီဗီလာကို ရော်နယ်ဒို၏ သွင်းဂိုး ၂ ဂိုးနှင့်အတူ ၅ ဂိုးပြတ် အနိုင်ရ (ရုပ်သံ)

၂၀၀၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ရာသီအစရလဒ်တွေ ဆိုးရွားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ရွှေဘောလုံးဆု ပူပူနွေးနွေးရရှိထားခဲ့တဲ့ ရော်နယ်ဒိုရဲ့ သွင်းဂိုး ၂ ဂိုးအပါအဝင် ၅ ဂိုးပြတ်နဲ့ ဆီဗီလာအသင်းကို အနိုင်ရရှိခဲ့ပါတယ်။ ဒီရာသီမှာ လာလီဂါသွင်းဂိုး ၂ ဂိုးသာသွင်းယူနိုင်သေးတဲ့ ရော်နယ်ဒိုဟာ မနေ့က ပွဲစဉ်မှာတော့ သူ့ရဲ့ဂိုးပေါက်ပျောက်ဆုံးနေမှုကို ရပ်တန့်နိုင်ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆိုတဲ့ သက်သေကို ပြသနိုင်ခဲ့တာပါ။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ပထမပိုင်းမှာတင် ဆီဗီလာအသင်းကို ၅ ဂိုးပြတ်နဲ့ အနိုင်ရထားတာဖြစ်ပြီးတော့ သွင်းဂိုးတွေအဖြစ် ရော်နယ်ဒိုက ၂ ဂိုး၊ နာချိုဖာနန်ဒက်စ်၊ တိုနီခရူးစ်၊ အာခက်ဖ်ဟာကီမီတို့က ၁ ဂိုးစီသွင်းယူပေးခဲ့တာပဲဖြစ်ပါတယ်။ ရော်နယ်ဒို ဂိုးပြန်လည်သွင်းယူနိုင်ခဲ့တာနဲ့ပတ်သက်လို့ နည်းပြဇီဒန်းက ကျေနပ်အားရနေပြီးတော့ ရော်နယ်ဒိုဟာ သူ့ရဲ့ ပုံမှန်ခြေစွမ်းကို စတင်ရရှိလာပြီဖြစ်ကြောင်း၊ နေ့စဉ်လေ့ကျင့်ခန်းဆင်းရင် ရော်နယ်ဒိုရဲ့ရည်မှန်းချက်ကို သိနေတာကြောင့် ဂိုးပြန်သွင်းနိုင်မယ်ဆိုတာ ယုံကြည်နေခဲ့ကြောင်း ချီးကျူးပြောကြားခဲ့ပါတယ်။ ဒီပွဲမှာအနိုင်ရရှိခဲ့တဲ့ ရီးရဲမက်ဒရစ်အသင်းဟာ ဘာစီလိုနာအသင်းနဲ့ ရမှတ်ကွာဟချက် များနေဆဲဖြစ်ပြီးတော့ လာမယ့် ၂၃ ရက်နေ့မှာ ဘာစီလိုနာအသင်းနဲ့ အမှတ်ပေးဖလားပွဲစဉ်ဟာ အဓိကကျနေခဲ့ပါတယ်။ ဒါ့အပြင် ဗုဒ္ဓဟူးနေ့မှာလည်း ဖီဖာကမ္ဘာ့ကလပ်ဖလား ဆီမီးဖိုင်နယ်ကို ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။
4 years Ago
Up