ဆီဖြည့်လေယာဉ်

October 1, 2020

အမေရိကန်တိုက်လေယာဉ် ဆီဖြည့်လေယာဉ်နှင့် တိုက်မိပျက်ကျဟု မရိန်းတပ်ဖွဲ့ပြော

အမေရိကန်တိုက်လေယာဉ်တစီးဟာ ဆီဖြည့်လေယာဉ်တစီးနဲ့တိုက်မိပြီး ပျက်ကျခဲ့တာလို့ အမေရိကန်မရိန်းတပ်ဖွဲ့က  စက်တင်ဘာ ၃၀ ရက်မှာ ပြောဆိုခဲ့ပါတယ်။  လေယာဉ် ၂ စီး တိုက်မိပြီးနောက်  F-35B တိုက်လေယာဉ်မှူးဟာ  အရေးပေါ် ခုန်ထွက်ခဲ့ပြီး ဆေးကုသခံယူနေသလို KC-130J ဆီဖြည့်လေယာဉ် အမှုထမ်းတွေကလည်း လေယာဉ်ကို ဘေးကင်းကင်း ဆင်းသက်နိုင်ခဲ့တယ်လို့  အမှတ် ၃  မရိန်းလေကြောင်းတပ်ဖွဲ့က ပြောဆိုပါတယ်။ စက်တင်ဘာ ၂၉ ရက်နေ့ ညနေ ၄ နာရီအချိန် လေယာဉ် နှစ်စီး ဆီဖြည့် ပျံသန်းနေချိန်မှာပဲ တိုက်မိပြီး F-35B တိုက်လေယာဉ်ပျက်ကျခဲ့တယ်လို့ မရိန်းတပ်ဖွဲ့က ပြောပါတယ်။  တိုက်လေယာဉ် ပျက်ကျရတဲ့ အကြောင်းကို စုံစမ်းနေတယ်လို့ မရိန်းတပ်ဖွဲ့က ဆိုပါတယ်။ ဆီဖြည့်လေယာဉ်ကတော့ သာမယ်လေဆိပ်ကို ပြန်ခဲ့ပြီး လေယာဉ်ပေါ်ပါ အမှုထမ်းအားလုံး ဘေးကင်းတယ်လို့ မရိန်းတပ်ဖွဲ့က ဖြည့်စွက် ပြောဆိုခဲ့ပါတယ်။ 
8 months Ago
Up