ဆီနီဂေါသမ္မတ ရွေးကောက်ပွဲ

March 1, 2019

ဆီနီဂေါသမ္မတ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ အနိုင်ရ

ဆီနီဂေါသမ္မတ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ မိုက်ချီဆာက မဲအရေအတွက်  ၅၈ ရာခိုင်နှုန်းနဲ့ ပြန်လည်အနိုင်ရတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ကြေညာပါတယ်။ မဲအများစုရတာကြောင့် သမ္မတ မိုက်ချီဆာဟာ နောက်တကြိမ် ရွေးကောက်ပွဲ ထပ်မံယှဉ်ပြိုင်စရာ မလိုဘဲ ဒုတိယသက်တမ်းကို ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ အတိုက်အခံ အီဒရစ်ဆာ ဆက်ခ်က မဲအရေအတွက် ၂၁ ရာခိုင်နှုန်းနဲ့ ဒုတိယ၊ အူဆမန် ဆွန်နီခွန်က ၁၆ ရာခိုင်နှုန်းနဲ့ တတိယ မဲအများဆုံး ရရှိခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက်နေ့ ရွေးကောက်ပွဲနောက်ပိုင်းမှာ အတိုက်အခံ သမ္မတလောင်းတွေက သမ္မတ မိုက်ချီဆာ အလွယ်တကူ အနိုင်ရမယ်ဆိုတဲ့ သတင်းတွေကို ပယ်ချပြီး နောက်တကြိမ် ရွေးကောက်ပွဲထပ်မံ ယှဉ်ပြိုင်ရမယ်လို့ ပြောခဲ့ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲ ရလဒ်အပေါ် အယူခံဝင်ဖို့ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ၇၂ နာရီအတွင်း စာရင်းသွင်းရမှာဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက်နေ့ ဆီနီဂေါသမ္မတ ရွေးကောက်ပွဲမှာ မဲစာရင်းပေးထားသူ ၆ ဒသမ ၇ သန်း ရဲ့ ၆၆ ရာခိုင်နှုန်းကျော် လာရောက်မဲပေးခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
2 years Ago
Up