ဆီနီဂေါ

June 23, 2021

မွေးရပ်မြေ၌ ဆေးရုံတည်ဆောက်ရန် မာနေးက ပေါင် ၄ သိန်းခွဲ မတည်လှူဒါန်း

လီဗာပူး တိုက်စစ်မှူး မာနေးဟာ သူ့ရဲ့မွေးရပ်မြေ ဆီနီဂေါမှာ ဆေးရုံတည်ဆောက်ရေးအတွက် ပေါင် ၄ သိန်းခွဲ မတည် လှူဒါန်းလိုက်ပါတယ်။

မာနေးဟာ သူ့ရဲ့ဇာတိရွာဖြစ်တဲ့ ဘမ်ဘာလီမှာ ဆေးရုံတည်ဆောက်ဖို့ လှူဒါန်းခဲ့တာဖြစ်ပြီး ကျေးရွာပေါင်း ၃၄ ရွာက လူတွေ လာရောက်ဆေးကုသနိုင်မယ်လို့ သိရပါတယ်။ 

အဲဒီဆေးရုံတည်ဆောက်ရေးစီမံကိန်းအတွက် ဆီနီဂေါသမ္မတ မက်ကီဆဲလ်နဲ့လည်း တွေ့ဆုံခဲ့ပြီး ဆေးရုံတည်ဆောက်ရေးနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။ 

မာနေးဟာ သူ့ရဲ့ဇာတိရွာမှာ အထက်တန်းကျောင်းတစ်ခုကိုလည်း လှူဒါန်းပေးခဲ့ပြီး တခြား ပရဟိတလုပ်ငန်းတွေမှာလည်း ဦးဆောင်လှူဒါန်းနေသူ ဖြစ်ပါတယ်။

ဆီနီဂေါလက်ရွေးစင် ဆာဒီယိုမာနေးကို ကြာသပတေးနေ့က လက်ခံတွေ့ဆုံခဲ့တယ်လို့လည်း ဆီနီဂေါသမ္မတရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

မာနေးဟာ ဆေးရုံတည်ဆောက်ပြီးရင်လည်း စာတိုက်နဲ့ ဆီဆိုင်တွေ တည်ဆောက်ပေးမယ့် အစီအစဉ်လည်း ရှိတယ်လို့ သိရပါတယ်။

4 months Ago

June 4, 2020

ဆီနီဂေါတွင် တနိုင်ငံလုံး လော့ဒေါင်းချထားမှုအပေါ် ဆန္ဒပြ

ဆီနီဂေါနိုင်ငံ မြို့တော်ဒတ်ကာမှာ ကိုဗစ်နိုင်တင်းကပ်ဘေးကြောင့် တနိုင်ငံလုံး လော့ဒေါင်း ချထားတာကို ပြည်သူတချို့က ဇွန် ၄ ရက်မှာ ဆန္ဒပြခဲ့ပါတယ်။  ဆန္ဒပြသူတွေဟာ ညသန်းခေါင်မှာ ကားတာယာတွေကို မီးတင်ရှို့ခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေကိုလည်း ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ပါတယ်။  အရင် တညကလည်း ဘာသာရေးမြို့တော် တိုဘာမှာ ဒီလိုမငြိမ်သက်မှုတွေ ဖြစ်ခဲ့ပြီးသားပါ။  ဒတ်ကာမြို့တော်မှာ နေထိုင်သူတဦးကတော့ အစိုးရက တပြည်လုံးလော့ဒေါင်းချထားတာ သုံးလကြာခဲ့ပြီမို့  ဆင်းရဲသားနိုင်ငံသားအများစုအတွက် သိပ်များလွန်းနေပြီလို့ ပြောပါတယ်။  ဆီနီဂေါအစိုးရဟာ ကပ်ဘေးကြောင့် ညမထွက်ရ ကာဖြူးအမိန့်နဲ့  ဒေသအချင်းချင်း သွားလာဖြတ်သန်းမှုတို့ကို ကန့်သတ်ထားခဲ့တာ ကြာပါပြီ။  ဆီနီဂေါမှာ ကိုဗစ်-၁၉ အတည်ပြူလူနာ လေးထောင်လောက်နဲ့ သေဆုံးသူ ၄၅ ဦး ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ 
1 year Ago
Up