ဆီနာဘန်မီးတောင်

A d v e r t i s e m e n t With Us

June 10, 2019

အင်ဒိုနီးရှား ဆီနာဘန်မီးတောင် ၇ ကီလိုမီတာအမြင့်ထိ ပြာများမှုတ်ထုတ် (ရုပ်သံ)

အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်းမှာ တည်ရှိတဲ့ ဆီနာဘန်မီးတောင်ဟာ ဇွန်လ ၉ ရက်က မီးတောင်နှုတ်ခမ်းဝကနေ ၇ ကီလိုမီတာ အမြင့်ထိ ပြာတွေ မှုတ်ထုတ်ခဲ့တယ်လို့ အင်ဒိုနီးရှား သဘာဝဘေး လျော့ပါးသက်သာစေရေး အေဂျင်စီ (BNPB) က ပြောပါတယ်။ မီးတောင်နှုတ်ခမ်းဝကနေ မီးခိုရောင် ပြာတန်းကြီး ကောင်းကင်ပေါ်ကို လိပ်တက်နေတဲ့ ရုပ်သံဖိုင်ကို ဒေသခံတွေက မှတ်တမ်းတင်ခဲ့ကြပါတယ်။ တနင်္ဂနွေနေ့က ဖြစ်ရပ်ကြောင့် သေဆုံးသူမရှိဘူးလို့ BNPB က ပြောပါတယ်။ ဆီနာဘန်မီးတောင်ကို ပေါက်ကွဲလုနီးပါးဖြစ်တဲ့ အမြင့်ဆုံး သတိပေးချက် အနီရောင်အဆင့် သတ်မှတ်ထားတယ်လို့ မီးတောင် လေ့လာစောင့်ကြည့်ရေး အဖွဲ့တဖွဲ့က ပြောပါတယ်။ ၈၀၇၁ ပေ အမြင့်ရှိတဲ့ ဆီနာဘန်မီးတောင်ဟာ အင်ဒိုနီးရှားရဲ့ သက်ဝင်လှုပ်ရှားမှုအရှိဆုံး မီးတောင်တွေထဲက တခုပါ။ ၂၀၁၄ ခုနှစ် ဆီနာဘန်မီးတောင် ပေါက်ကွဲခဲ့ချိန်က လူပေါင်း ၁၂ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ထောင်ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ကြရပါတယ်။
2 years Ago
Up