ဆီဆိုင်မြို့နယ်

February 18, 2021

ဆီဆိုင်မြို့နယ် စည်ပင်ဥက္ကဋ္ဌ ဖမ်းဆီးထိန်းသိမ်းခံရ

ဆီဆိုင်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ခွန်ဗွာထိုသွေးဟာ မနေ့ ညနေပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခံရတယ်လို့ သိရပါတယ်။

“သူက ဆိုက်ခေါင်မှာရှိတဲ့ အောင်ဆုဗွေစခန်းမှာ လာနေနေတာ။ အဲဒါကို PNA ပြည်သူ့ စစ်တွေက လာဖမ်းသွားတာ။ ဖမ်းပြီးတော့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပို့လိုက်တယ်” လို့ ခွန်ဗွာထိုသွေးရဲ့ ဦးလေးဖြစ်သူက ပြောပါတယ်။

ခွန်ဗွာထိုသွေးဟာ တပ်မတော်က အာဏာသိမ်းပြီးတော့ စည်ပင်သာယာ ဥက္ကဋ္ဌ တာဝန်ကိုလည်း ကိုယ်သဘောနဲ့ကိုယ် နုတ်ထွက်ခဲ့သူဖြစ်ပါတယ်။

ခွန်ဗွာထိုသွေးကို ဘာကြောင့်ဖမ်းတယ်ဆိုတာ မသိရပေမယ့် သူက ရှမ်းပြည်နယ် စီမံဘဏ္ဍာ ဝန်ကြီး ဦးစိုးညွန့်လွင် နဲ့အတူ သွားလာရင်းနှီးနေသူဖြစ်ပါတယ်။

4 months Ago

February 12, 2021

ဆီဆိုင်မြို့ အောင်ချမ်းသာ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို သဘာဝဘေးဥပဒေဖြင့် အမှုဖွင့်ခံရ

ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့ အောင်ချမ်းသာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစံဝင်းမောင်ကို ဒီကနေ့ ထွေအုပ်က ဆီဆိုင်မြို့မရဲစခန်းမှာ သဘာဝဘေး အန္တာရယ်တားဆီးကာကွယ်ရေးဥပဒေနဲ့ အမှုဖွင့်လိုက်ပါတယ်။

ဦးစံဝင်းမေဟာင် ဟာဆီဆိုင်မြို့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးပြုလုပ်တာကို ဦးဆောင်တယ်လို့ ယူဆတဲ့အတွက် အမှုဖွင့်တာလို့ သိရပါတယ်။

ဦးစံဝင်းမောင်က “ကျနော့်ကို ထွေအုပ်က သဘာဝဘေးဥပဒ် အန္တရာယ် တားဆီးကာကွယ်ရေးဥပဒေပုဒ်မနဲ့ ရဲစခန်းမှာ အခုလေးတင်ဖွင့်လိုက်တယ်ဗျာ” လို့ ပြောပါတယ်။

မနေ့ညကတည်းက စစ်တပ်က ဦးစံဝင်းမောင်ကို ဖမ်းဆီးဖို့ သတင်းပေါက်ကြားပြီး တပ်က အရာရှိတစ်ဦးကို ဆက်သွယ်ပြီး လာဖမ်းဖို့စောင့်နေကြောင်း ပြောတဲ့အတွက် မဖမ်းဖြစ်ဘဲ ဒီကနေ့မှ အမှုဖွင့်ခံရတာပါ။

အမှုဖွင့်ခံရပေမယ် လာရောက်ဝန်းရံသူတွေက ပေးမဖမ်းတဲ့အတွက် လက်ရှိအချိန်ထိ လာရောက်ဖမ်းဆီးခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ခွန်ရာဇာ

4 months Ago
More News
Up