ဆီဆိုင်မြို့တွင် လက်ပစ်ဗုံးနှင့် မူးယစ်ဆေးဝါးများဖမ်းမိ

January 23, 2019

ဆီဆိုင်မြို့တွင် လက်ပစ်ဗုံးနှင့် မူးယစ်ဆေးဝါးများဖမ်းမိ

ရှမ်းပြည်နယ်၊ ဆီဆိုင်​မြို့နယ်​၊  မြကန်​သာရပ်​ကွက်​မှာ မူးယစ်​​ဆေးဝါးတွေနဲ့ ​သေနတ်​တလက်​၊ ကျည်​​လေး​ထောင့်၊ လက်​ပစ်​ဗုံးတလုံးကို ဇန်​န၀ါရီ ၂၂ ရက်​​ မနက်​ပိုင်းက တွေ့ရှိ ဖမ်းဆီးရမိခဲ့တယ်လို့ စခန်းမှူး ဇော်မင်းလွင်က ပြောပါတယ်​။ ဈေးနားရပ်​ထားတဲ့ VEGO အဖြူ​ရောင်​ ကားတစီးကို မသင်္ကာလို့ သွားရှာကနေ လိုင်စင်မဲ့ကားဖြစ်နေတဲ့အတွက် ဆက်လက်ရှာဖွေရာ မူးယစ်ဆေးဝါတွေနဲ့ လက်နက်တွေကို တွေ့ရှိခဲ့တာလို့ ဆီဆိုင်မြို့မ ရဲစခန်းမှူးက ပြောပါတယ်။ ကားအတွင်းပိုင်းမှာ ကာလတန်​ဖိုး ကျပ်သိန်း ၁၅၀ နီးပါးလောက်ရှိတဲ့ wy စာတမ်းပါ မူးယစ်​​ဆေးပြား ၉၈၀၀ နဲ့ ​ဒေသန္တရလုပ်​ ​သေနတ်​တလက်​၊ ကျည်​လေးထောင့်၊ တရုတ်​လုပ်​ လက်​ပစ်​ဗုံး တလုံး​တွေ့ရှိပြီး တရားခံနှစ်ဦးကိုလည်း  ဖမ်းဆီးရမိခဲ့တာပါ။ တရားခံ ​မြကန်သာ​ရပ်ကွက်​​နေ စိုင်း​နော်​(ခ)စိုင်း​နောင့်​နဲ့ ​အောင်​သ​ပြေရပ်​ကွက်​နေ ​မောင်​​မောင်​ဦးတို့ကို ဆီဆိုင်​မြို့မ ရဲစခန်းက မူးယစ်​​ဆေးဝါးနဲ့ စိတ်​ကို​ပြောင်းလဲ​စေတဲ့ ဥပ​ဒေ ပုဒ်​မ ၁၉၊ ၂၁၊ ၂၂၊ ၂၂(ခ) တွေနဲ့ အမှုဖွင့် အ​ရေးယူထားပါတယ်​။ ဆီဆိုင်​မြို့နယ်​မှာ မူးယစ်​​ဆေးဝါး ​လျော့ချ​ရေးအတွက်​မကြာခဏ ​ရှောင်​တခင်​ ပိတ်​ဆို့ စစ်​​ဆေးနေသလို  ပညာ​ပေး​တွေလည်း ဆောင်ရွက်နေပါတယ်။ ခွန်​ရာဇာ
2 years Ago
Up