ဆီဆက်ဂ်နွန်

September 5, 2018

Golden Boy ဆု ဆန်ကာတင်စာရင်းတွင် အင်္ဂလန်က ၃ ဦး ပါဝင်

၂၀၁၈ ခုနှစ် လူငယ်ကြယ်ပွင့် ကစားသမားတွေအတွက် Golden Boy ဆု ဆန်ကာတင်စာရင်းမှာ အင်္ဂလန်က အလက်ဇန္ဒားအာနိုး၊ ဖိုဒန်နဲ့ ဆီဆက်ဂ်နွန်တို့ ပါဝင်လာပါတယ်။ ဒီဆုကို ဥရောပမှာရှိတဲ့ ဂျာနယ်လစ်တွေက မဲပေးရွေးချယ်ကြမှာဖြစ်ပြီး လာမယ့် ဒီဇင်ဘာလမှာ ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။ ဆန်ကာတင်ကစားသမား ၆၀ ကို ရွေးချယ်ထုတ်ပြန်လိုက်တာဖြစ်ပြီး မနှစ်က ဆုရခဲ့တဲ့ ကီလီယန် အမ်ဘာပေက ထပ်ရဖို့ ရေပန်းစားနေပါတယ်။ ဆန်ကာတင် ၆၀ စာရင်းမှာ ဥရောပ ကလပ်အသင်းတွေက လူငယ်ကစားသမားတွေ ပါဝင်နေပြီး အဲဗာတန်က တွန်ဒေးဗီးစ်၊ မန်ယူက ဒါလော့၊ ဒေါ့မွန်က ပူလီဆစ်၊ ရိုးမားက ကလွိုက်ဗတ်၊ ရီးရဲလ်မက်ဒရစ်က လူကာဇီဒန်း စတဲ့ ကစားသမားတွေ ပါဝင်နေပါတယ်။ Golden Boy ဆုကို ၂၀၀၈ ခုနှစ်က စတင်ပေးအပ်ချီးမြှင့်ခဲ့ပြီး မက်ဆီ၊ ရွန်နီ၊ အဂွေရို၊ ပေါ့ဂ်ဘာ၊ စတာလင်၊ မာရှယ်၊ ရီနာတိုဆန်းချက်ဇ် စတဲ့ ကစားသမားတွေလည်း ရယူဖူးပါတယ်။
3 years Ago
Up