ပြီးခဲ့တဲ့နှစ်က အမေရိကန်ပြည်ထောင်စုမှာ ဗောက်စ်ဝက်ဂွန် Volkswagen ကားတွေ ဆီစားနှုန်းလိမ်ညာမှုနဲ့ ပတ်သက်ပြီး ကားပိုင်ရှင်တွေကို အမေရိကန်ဒေါ်လာ ၁ သောင်းအထိ လျော်ကြေးပေးသွားဖို့ သဘောတူလိုက်ပါတယ်။
ဆီစားနှုန်း အမှန်မပြအောင် လုပ်ထားတဲ့ကားတွေကို ပြန်ဝယ်ဖို့ ဒါမှမဟုတ် ပြန်ပြင်ပေးဖို့အတွက် ကားပိုင်ရှင်တွေကို အမေရိကန်ဒေါ်လာ ၅ ထောင်ကနေ ၁ သောင်းကြား လျော်ကြေးရဖို့ ဂျာမနီကားကုမ္ပဏီဖြစ်တဲ့ ဗောက်စ်ဝက်ဂွန် ကားကုမ္ပဏီက ဇွန် ၂၈ ရက်နေ့က သဘောတူခဲ့တာပါ။
ပြီးခဲ့တဲ့နှစ်က အမေရိကန်ပြည်ထောင်စုတ၀န်း ဗောက်စ်ဝဂွန်ကုမ္ပဏီထုတ်ကားတွေမှာ ဆီစားနှုန်း အမှန်မပြအောင် ကိရိယာတခုကို ကြားခံတပ်ဆင်ထားတာကို အမေရိကန်အာဏာပိုင်တွေက စစ်ဆေးတွေ့ရှိခဲ့တာပါ။
ကမ္ဘာတ၀န်း ဗောက်စ်ဝက်ဂွန်ကား အစီး ၁၁ သန်းလောက်မှာလည်း အဲ့ဒီကိရိယာတွေ တပ်ဆင်ထားခဲ့တယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက်ပိုင်း ကုမ္ပဏီကလည်း ၀န်ခံပြောဆိုပါတယ်။
ဒီကိစ္စတွေအတွက် ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၁၄.၇ ဘီလီယံကျော် သုံးစွဲမယ်လို့ပြောဆိုပါတယ်။
အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကို ကားပိုင်ရှင်တွေကို လျော်ကြေးပေးသွားမှာဖြစ်ပြီး ၂.၇ ဘီလီယံကို တော့ အဲ့ဒီပြဿနာကြောင့် အမေရိကန်ပြည်ထောင်စုအတွင်း သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေအတွက် ပေးဆောင်ရမှာပါ။
ကျန်တဲ့ ၂ ဘီလီယံကိုတော့ လာမယ့် ၁၀ စုနှစ်အတွင်း ကာဗွန်ထုတ်လွှတ်မှု လုံးဝမရှိတဲ့ နည်းပညာအတွက် ကုမ္ပဏီက ရင်းနှီးမြှုပ်နှံသွားဖို့ ဖြစ်ပါတယ်။
7 years Ago