ဆီ

A d v e r t i s e m e n t With Us

April 28, 2020

ကယားပြည်နယ်ကျန်းမာရေးဝန်ထမ်းများကို ဆန်၊ ဆီနှင့် ကြက်ဥ ထောက်ပံ့

COVID-19 ကပ်ရောဂါဘေးကာလအတွင်းမှာ ကယားပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန လက်အောက်ရှိ ကျန်းမာရေးဝန်ထမ်းတွေကို အကူအညီပေးတဲ့အနေနဲ့  ပြည်နယ်အစိုးရက အခြေခံ စားနပ်ရိက္ခာတွေ ထောက်ပံ့နေပါတယ်။ ကယားပြည်နယ် ခရိုင်နဲ့မြို့နယ်တွေမှာရှိတဲ့  ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနလောက်အောက်ရှိ ကျန်းမာရေးဝန်ထမ်း ၁၆၀၀ ကျော်အတွက် အစိုးရက အခြေခံအစားအသောက်တွေ ထောက်ပံ့တာဖြစ်ပါတယ်။ ပြည်နယ်အစိုးရက ဆန်၊ ဆီနဲ့ ကြက်ဥတွေ  ​ထောက်ပံ့​ပေးတာဖြစ်ပြီး ဒီကနေ့မှာတော့  လွိုင်​ကော်မြို့နယ်ပြည်သူ့ကျန်းမာ​ရေးဝန်ထမ်းအားလုံး  မီးဖွားခွင့်၊ ​ဆေးခွင့်နဲ့ နေ့စားဝန်ထမ်းတွေ ကိုပါ ခွဲတန်းနဲ့ ပေးဝေနေတယ်လို့  လွိုင်ကော်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာထွန်းနေဝင်းက ပြောပါတယ်။ “မြို့နယ်တိုင်းတော့ ဝေပါတယ်။ ကျနော်တို့ လွိုင်ကော်မြို့နယ်အတွက်ကတော့  ဝန်ထမ်း အားလုံး ၁၅၀ ကျော်ရှိပါတယ်။ မီးဖွားခွင့်တွေပါတွေ ယူထားတဲ့ စာရင်းတွေပါ ထည့်ပေးတာပေါ့လေ။ ” ကျန်းမာရေး ဝန်ထမ်းတဦးကို ဆန် ၅ ပြည်၊ ဆီ တပိဿာလောက်နဲ့  ကြက်ဥ ၁၀ လုံးစီ ခွဲတမ်း ရရှိကြောင်းလည်း ပြောပါတယ်။ ဒီလိုကျန်းမာရေးဝန်ထမ်းတွေကို ထောက်ပံ့ပေးနိုင်ဖို့ ပြည်နယ်အတွင်းရှိ ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်က စုပေါင်းပြီး လှူဒါန်းပေးတာလို့လည်း သိရပါတယ်။
10 months Ago

April 6, 2020

ရွှေဘိုစည်ပင် သန့်ရှင်းရေးဝန်ထမ်းများကို ဆန်၊ ဆီနှင့် Mask များ လှူဒါန်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့စည်ပင်သာယာရေးကော်မတီရုံးမှာ ဧပြီ ၅ ရက် ညနေပိုင်းက စေတနာရှင်ပြည်သူတွေ စုပေါင်းပြီး စည်ပင်သာယာသန့်ရှင်းရေးဝန်ထမ်းတွေနဲ့ ယာဉ်မောင်းတွေကို ဆန်၊ ဆီနဲ့ Mask တွေ လှူဒါန်းခဲ့ကြပါတယ်။ “အခုရက်ပိုင်း သူတို့အတော်ပင်ပန်းကြတာ ကျနော်တို့မျက်မြင်ပါ။ သန်းရှင်းရေးဆောင်ရွက်နေကြရသလို ရောဂါထိန်းချုပ်ရေးလုပ်ငန်းတခုဖြစ်တဲ့ ဆေးဖြန်းတာတွေကိုလည်း လုပ်နေကြတာဖြစ်တဲ့အတွက် ကျနော်တို့ ပြည်သူတွေစုပြီးလှူကြတာပါ” လို့ ဦးဆောင်လှူဒါန်းသူ ပြည်သူတဦးကပြောပါတယ်။ စည်ပင်သန့်ရှင်းရေးဝန်ထမ်းတွေဟာ COVID-19 ရောဂါထိန်ချုပ်ကာကွယ်ရေးအတွက် ပြီးခဲ့တဲ့ရက်ပိုင်းတွေက ဈေးကြီးအတွင်း၊ ဘူတာရုံ ကားဝင်းနဲ့ အများသွားလာနေတဲ့ လမ်းမကြီးတွေမှာ ပိုးသတ်ဆေးဖြန်းတဦ၊  ဈေးသည်တွေ စည်းကမ်းတကျ ရောင်းချဖို့ နေရာသတ်မှတ်ပေးတာ၊ လက်ဆေးဘေစင်တွေ ထားရှိပေးတာအပြင် ပြင် မူလလုပ်ငန်းဖြစ်တဲ့ သန့်ရှင်းရေးလုပ်ငန်းတွေကို အချိန်ပိုဆင်းပြီး လုပ်ခဲ့ကြတယ်လို့ ရွှေဘိုမြို့စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးသန်းဦးက ပြောပါတယ်။ ဝန်ထမ်တယောက်ကို ဆန် ၂ ပြည်၊ ဆီ ၅၀ သား၊ mask ၂ ခုစီ စုစုပေါင်း သန့်ရှင်းရေးဝန်ထမ်းနဲ့ ယာဉ်မောင်း ၇၁ ယောက်ကို လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။ အောင်စံလင်း
11 months Ago
Up