ဆိုးသွမ်းပရိသတ်

May 27, 2018

ရုရှားကမ္ဘာ့ဖလား ကြည့်ခွင့်ပိတ်ပင်ခံထားရသည့် ဆိုးသွမ်းပရိသတ် ကြည့်ရှုခွင့်ကတ် ပြန်ရ

ဆိုးသွမ်းတဲ့အပြုအမှုကြောင့် ရုရှားကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်တွေကို ကြည့်ရှုခွင့် ပိတ်ပင်ခံထားရတဲ့ ပရိသတ်တယောက်ဟာ ကမ္ဘာဖလားပွဲစဉ်တွေကို ကြည့်ရှုနိုင်တဲ့ ခွင့်ပြုချက်ရထားလို့ ရုရှားရဲ့ ကမ္ဘာ့ဖလားလုံခြုံရေး စနစ်တွေအတွက် မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။ အခုဖြစ်ရပ်အတွက် ကမ္ဘာဖလားကြည့်ရှုခွင့်ကဒ်စိစစ်မှုကို တာဝန်ယူထားတဲ့ ရုရှားပြန်ကြားရေး ၀န်ကြီးဌာနကို ရိုက်တာကမေးမြန်းခဲ့ရာမှာ ပွဲကြည့်ရှုခွင့်ကတ်ရထားသူ တယောက်ဟာ ပြည်တွင်းပြည်ပ ပြိုင်ပွဲတွေမှာ အကြမ်းဖက်တာတွေ ပြုလုပ်တာ စစ်ဆေးတွေ့ရှိရင် ပြည်သူ့လုံခြုံရေးအတွက် ခွင့်ပြုကတ်ကို ပြန်သိမ်းခံရနိုင်တယ်လို့ ဖြေခဲ့ပါတယ်။ “နိုင်ငံအတော်များများမှာ သတင်းအချက်အလက်မျှဝေမှုတွေ ရှိပါတယ်။ ပိတ်ပင်ထားတဲ့ သူတွေဟာ ကမ္ဘာ့ဖလားပွဲတွေကို ကြည့်ခွင့် ရမှာမဟုတ်ပါဘူး။ ယေဘုယျအားဖြင့်တော့ ကမ္ဘာ့ဖလားပွဲတွေမှာ ရင်းရင်းနှီးနှီး ရှိကြပါတယ်” လို့ ရုရှားဘောလုံးအဖွဲ့ချုပ် ကော်မရှင်ရဲ့ ပြောခွင့်ရသူတစ်ဦးက ပြောခဲ့တာပါ။ “ကျနော့်နိုင်ငံထဲမှာ ဘောလုံးနဲ့ ဘတ်စကတ်ဘောပွဲတွေ ကြည့်နေပါတယ်။ ပိတ် ပင်တယ်ဆိုတာက ဘောလုံးဝါသနာရှင် မှတ်ပုံတင်နံပါတ်ကိုပြမှ ပိတ်ပင်လို့ရတာပါ။ တကယ်တော့ ပွဲကြည့်ရင် ကြီးကြပ်သူတွေက ပက်စ်ပို့ တောင်းကြည့်ရမှာပါ။ အခုက ဒီလိုမဟုတ်ပါဘူး။ ဘယ်သူမှ ကျနော်တို့ရဲ့ ပတ်စ်ပို့ကို ယူမကြည့်ကြပါဘူး။ ကျနော်တို့ လွတ်လွတ်လပ်လပ် ၀င်ကြည့်လို့ရပါတယ်” လို့  အာဏာပိုင်တွေရဲ့ ပွဲကြည့်ခွင့် ပိတ်ပင်ခံထား ရသူက ပြောပြခဲ့တာပါ။ အစိုးရက အကျင့်ဆိုးရှိတဲ့ ဝါသနာရှင်တွေ ပွဲမကြည့်ဖို့ တားမြစ်ပိတ်ပင် တာကို မှားတယ်လို့ ကျနော် မပြောပါဘူး။ လုပ်ရင်တော့ ထိထိရောက်ရောက် လုပ်သင့်တယ်လို့ သူက ဆက်ပြောပါတယ်။
4 years Ago
Up