ဆိုးလ်မြို့မှာ

November 7, 2019

တောင်ကိုရီးယား သက်ရှိဈာပနပွဲ လူ ၂ သောင်းခွဲကျော် ဆင်နွှဲ (ရုပ်သံ)

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ဆယ်ကျော်သက်ကနေ အငြိမ်းစားအရွယ်အထိ စုပေါင်း သက်ရှိ ဈာပနပွဲကို လျှိုဝန်ကုသရေးစင်တာမှာ လူဦးရေ ၂၅,၀၀၀ ကျော် စုပေါင်း ဆင်နွှဲခဲ့ကြပါတယ်။ ဒီလိုမျိုး  အစမ်းသေကြည့်တာဟာ သူတို့ရဲ့ဘ၀ အရည်အသွေးကို ပိုမိုကောင်းမွန်စေမယ်လို့ အတော်များများက  မျှော်လင့်ကြပါတယ်။ ပါဝင်ဆင်နွှဲနေသူတွေဟာ အလုံပိတ်ခေါင်းတလားအတွင်း ၁၀ မိနစ်လောက် လှဲလျောင်းရပါတယ်။  “လူတိုင်းဟာ သွေးဆူလွယ် ပုံစံမျိုးနဲ့ ဘဝမှာ နေထိုင်ကြတယ်။  ကိုယ့်ဘေးနားမှာရှိတဲ့လူကို အဖော်မွန်လို့ မသတ်မှတ်ဘဲ ကိုယ်အနိုင်တိုက်ရမယ့် ပြိုင်ဘက်လို သဘောထားကြတယ်။  ကျနော် အခေါင်းထဲရောက်တော့မှ အဲဒီအဓိပ္ပာယ်ကို သိချင်မိတယ်” လို့ တောင်ကိုရီးယားတက္ကသိုလ်ကျောင်းသား ချွဲဂျင်ခုက ပြောပါတယ်။  လျှိုဝန်ကုသရေးစင်တာ အကြီးအကဲ  ဂျေယွန်း ယွန်မန်က “လူတွေ ကိုယ့်အသက်ကို တန်ဖိုးထားတတ်ပြီး သူတပါးကို တောင်းပန်တတ်အောင်၊ နောက်ပြီး မိသားစု၊ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ သင့်သင့်မြတ်မြတ် နေတတ်အောင်လို့  ဒီသက်ရှိ ဈာပန အစီအစဉ်ကို လျှိုဝန် ဈာပနကုမ္ပဏီက စပြီး အခမဲ့သင်တန်း ပေးနေတာ” လို့ ပြောပါတယ်။  နောက်ပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံဖို့ ကြံစည်သူတွေကို အဲဒီလိုမလုပ်အောင်  တားမြစ်ရမယ်လို့လည်း ဂျေယွန်းက ပြောပါတယ်။  အဲဒီလို ကြံစည်နေသူတွေ   ဆုံးဖြတ်ချက်ပြောင်းသွားအောင် ကြိုးပမ်းသွားမယ်လို့ သူက ပြောပါတယ်။   “ဒီလိုသေကြည့်တာက အကောင်းဆုံသေနည်းကို စဉ်းစားကြည့်ဖို့ အခွင့်အလမ်းပါပဲ။   သေခြင်းတရားကို တွေ့ကြုံခံစားဖူးတာနဲ့ ဘဝကို နည်းလမ်းသစ်နဲ့ ချဉ်းကပ်နိုင်ပါတယ်” လို့    တောင်ကိုရီးယား အမျိုးသမီး ချိုဂျေဟီးက ပြောပါတယ်။  တောင်ကိုရီးယားနိုင်ငံရဲ့ ဘဝအပေါ် ကျေနပ်ပျော်ရွှင်မှုအဆင့်ဟာ နိုင်ငံပေါင်း ၄၀ မှာ ၃၃ နေရာ ချိတ်တယ်လို့   OECD ပိုမိုကောင်းမွန်သောဘ၀ အညွှန်းကိန်းက ဖော်ပြပါတယ်။  နိုင်ငံတွင်း  ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်နှုန်းဟာ ၂၀၁၆ ခုနှစ်က လူဦးရေ ၁ သိန်းမှာ  ၂၀ ဒသမ ၂ ရာခိုင်နှုန်းရှိပြီး အဲဒါဟာ ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံနှုန်း ၁၀ ဒသမ ၅၃ ရာခိုင်နှုန်းထက် ၂ ဆနီးပါး ပိုများတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က  ထုတ်ပြန်ထားပါတယ်။ 
2 years Ago
Up