ဆိုးလ်မြို့တော်ဝန်

July 11, 2020

ဆိုးလ်မြို့တော်ဝန်၏ ဝမ်းနည်းခြင်းအထိမ်းအမှတ်နေရာတွင် ပြည်သူများ လာရောက်ဂါရဝပြု

ဆိုးလ်မြို့တော်ဝန်သေဆုံးမှုအတွက် ဇူလိုင်လ ၁၁ ရက်က  တောင်ကိုရီးယားပြည်သူတွေ ဝမ်းနည်းပူဆွေးနေကြပါတယ်။   ဆိုးလ်မြို့တော်ခန်းမရှေ့မှာ လုပ်ထားတဲ့  မြို့တော်ဝန် ပတ်ဝန်ဆွန်း  ဝမ်းနည်းခြင်း  အထိမ်း အမှတ်နေရာကို  ပြည်သူတွေ လာရောက် လာရောက် ဂါရ၀ ပြုခဲ့ပါတယ်။  အသက် ၆၄ နှစ်အရွယ် မြို့တော်ဝန်ပတ်ကို သေဆုံးရက်  မတွေ့မီအချိန်က သူ့စားပွဲပေါ်မှာ ထားရစ်ခဲ့တဲ့  စာတိုတစ်ခုကို အစိုးရအရာရှိတွေက  ဇူလိုင်လ ၁၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။   စာတိုထဲမှာ   “အားလုံးကို တောင်းပန်ပါတယ်။ သူနဲ့အတူ ရှိခဲ့သူအားလုံးကို ကျေးဇူး တင်ပါတယ်။ သူ့ကြောင့်ထိခိုက်ခံစားရတဲ့ မိသားစုကို  တောင်းပန်ပါတယ်” လို့  မြို့တော်ဝန်ပတ်က ရေးခဲ့ပါတယ်။   အဲဒီစာတိုကို  မိသားစုခွင့်ပြုချက်နဲ့ ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။  ပတ်ရဲ့အတွင်းရေးမှူးဟောင်း တစ်ယောက်က ပတ်ဟာ သူ့ကို လိင်ပိုင်းစော်ကားခဲ့တယ်လို့   ဇူလိုင်  ၈ ရက်မှာ စွပ်စွဲတိုင်တန်းခဲ့ပြီးနောက် မိမိကိုယ်ကို အဆုံးစီရင်ဖွယ် ဖြစ်ပုံရတဲ့ ပတ်ရဲ့ သေဆုံးမှု ပေါ်ပေါက်ခဲ့တာပါ။  ပတ်ရဲ့ ရုပ်အလောင်းကို  ဆိုးလ်အမျိုးသားတက္ကသိုလ်ဆေးရုံကို  သယ်ဆောင်ခဲ့ပြီး  အဲဒီမှာ ၅  ရက်ကြာ ဈာပနကို ပြုလုပ်မယ် မျှော်လင့်ရတယ်လို့ရိုက်တာက ဖော်ပြပါတယ်။ 
10 months Ago
Up