ဆိုးလ်မြို့

June 23, 2020

ဆိုးလ်မြို့တွင် တစ်ရက်ကို ကိုဗစ်-၁၉ လူနာသစ် ရာချီတွေ့နိုင်ဟု မြို့တော်ဝန် သတိပေး

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ တစ်နေ့ကို ကိုဗစ်-၁၉ လူနာသစ် ရာချီ တွေ့ရနိုင်တယ်လို့  မြို့တော်ဝန်က ဇွန် ၂၂  ရက်မှာ သတိပေးလိုက်ပါတယ်။  ဆိုးမြို့တော်ဝန်က “ဆိုးလ်မြို့မှာ ဗိုင်းရပ်စ်ကူးစက်ရင် တစ်နိုင်ငံလုံး ကူးစက်မှာဖြစ်တယ်။ မြို့ကြီးပြကြီးတွေမှာ ကူးစက်ရင်  အခုထိ ကြိုးပမ်းထားမျှ အားလုံး သဲထဲရေသွန် ဖြစ်လိမ့်မယ်”လို့  သတင်းစာရှင်းလင်းပွဲမှာ  ပြောပါတယ်။   ပျမ်းမျှ ရောဂါကူးစက်နှုန်းက လွန်ခဲ့တဲ့ ၁၀ ရက်ကအတိုင်း ဆက်ရှိနေမယ်ဆိုရင် တစ်လမှာ နေ့စဉ် ကူးစက်လူနာ ၈၀၀ ဝန်းကျင် ရှိနိုင်တယ်လို့ ဆိုးလ်မြို့တော်ဝန် ပတ်ဝန်ဆွန်းက ပြောပါတယ်။  ဒါ့အပြင် တင်းကျပ်တဲ့ ခပ်ခွာခွာနေရေးအစီအမံတွေ ပြန်ချမှတ်နိုင်တယ်လို့လည်း  မြို့တော်ဝန်က  ပြောခဲ့ပါတယ်။  ဇွန် ၂၃ ရက်က ဆိုးလ်မြို့မှာ ကူးစက်သူ ၆ ယောက် အပါအဝင် တစ်နိုင်ငံလုံးမှာ ၄၆ ယောက် ရှိခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ စုစုပေါင်း ရောဂါပိုး ကူးစက်သူ ၁၂,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၂၈၁ ယောက်ရှိတယ်လို့ Worldometer  ဝက်ဘ်ဆိုက်အရ သိရပါတယ်။
1 year Ago

November 25, 2019

ကေပေါ့ပ်စတား ဂူဟာရာ နေအိမ်တွင် သေဆုံး

တောင်ကိုရီးယားနိုင်ငံရဲ့ ကေပေါ့ပ်စတားတယောက်ဖြစ်တဲ့ ဂူဟာရာဟာ နိုဝင်ဘာ ၂၄ ရက်က နေအိမ်မှာ သေဆုံးနေတာကိုတွေ့ရတယ်လို့ ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ယွန်ဟပ်သတင်းဌာနက ဖော်ပြပါတယ်။ အသက် ၂၈ နှစ်အရွယ် ဂူဟာရာရဲ့အလောင်းကို ဆိုးလ်မြို့တောင်ပိုင်းက သူ့ရဲ့နေအိမ်မှာ တွေ့ခဲ့တာ ဖြစ်ပေမယ့် သေဆုံးမှုဖြစ်စဉ် အသေးစိတ်ကိုတော့ ရဲတွေက တိတိကျကျ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။ ဟာရာဟာ ၂၀၁၈ခုနှစ်မှာ ရည်စားဟောင်းက သူ့ရဲ့ အဝတ်ဗလာကျင်း ဓာတ်ပုံတပုံကို ခွင့်မတောင်းဘဲ အင်တာနက်ပေါ် တင်ခဲ့တာနဲ့ သူ့ကို ကိုယ်ထိလက်ရောက် နှိပ်စက်တာကြောင့် အမှုဖွင့် တရားစွဲခဲ့ပါသေးတယ်။  အဲဒီနောက်မှာတော့ သူဟာ စိတ်ကျဝေဒနာခံစားခဲ့ရပြီး လွန်ခဲ့တဲ့ ၆ လလောက်က ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားခဲ့လို့ ဆေးရုံတင် ကုသခံခဲ့ရပါတယ်။  ကေပေါ့ပ်အမျိုးသမီးအဆိုတော်အဖွဲ့ Karaရဲ့ အဖွဲ့ဝင် တယောက်အဖြစ် ၂၀၀၇ ခုနှစ်က ဂီတလောကထဲကို ခြေချလာခဲ့တဲ့ ဟာရာဟာ အာရှမှာ ရေပန်းစားခဲ့ပြီး အထူးသဖြင့် ဂျပန်နဲ့ တရုတ်မှာ လူကြိုက်များပါတယ်။ နောက်ပိုင်းမှာတော့ ဟာရာဟာ အဖွဲ့ကနေ ထွက်ပြီး ဂျပန်နိုင်ငံမှာ တကိုယ်တော် အနုပညာရှင်အဖြစ် ဆက်လက်လှုပ်ရှားခဲ့ပါတယ်။ အခုလမှာပဲ ဂီတပွဲတခု ဖျော်ဖြေခဲ့ပါသေးတယ်။  ပြီးခဲ့တဲ့လကလည်း f(x) အဖွဲ့ဝင်ဟောင်း တယောက်ဖြစ်တဲ့ ကေပေါ့ပ်ကြယ်ပွင့် ဆူလီဟာလည်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါတယ်။ ဟာရာနဲ့ ဆူလီတို့ဟာ သူငယ်ချင်းအရင်းတွေဖြစ်ကြပြီး အင်တာနက်ပေါ်မှာ အနိုင်ကျင့် စော်ကားတာတွေကို ဆန့်ကျင်ကြသူတွေ ဖြစ်ကြပါတယ်။
2 years Ago
Up