ဆိုးရွား

May 25, 2021

မြန်မာပြည်အခြေအနေ အလုံးစုံ ဆိုးရွားလာနေပြီဟု ကုလအထူးကိုယ်စားလှယ်ပြော

စစ်တပ်ရဲ့ပစ်ခတ်သတ်ဖြတ်မှုကြောင့် မြန်မာပြည်သူ ၈၀၀ ကျော် သေဆုံးထားပြီး ၅၃၀၀ ကျော် အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံရဲ့အခြေအနေဟာ အလွန်ဆိုးရွားနေပါတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့  မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်းရှာရနာ ဘာဂီနာက ပြောကြားလိုက်ပါတယ်။

မေလ ၂၄ ရက်က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။

မြန်မာပြည်မှာ လူတွေဟာ တခြားဒေသတွေ၊ နယ်စပ်တွေကျော်ပြီးတောင် ပြေးနေရတယ်၊ လက်ရှိ ချင်းပြည်နယ်က အခြေအနေတွေ အရမ်းဆိုးနေတယ်လို့ မစ္စ ဘာဂန်နာက ပြောပါတယ်။

အိုးအိမ်စွန့်ခွာ ထွက်ပြေးလာသူတွေဟာ ခုအချိန်မှာ အစားအစာ၊ ရေ၊ အမိုးအကာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရရှိဖို့ အရေးတကြီး လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

အကြမ်းဖက်မှုတွေကြောင့် ပြည်သူတွေဆီသွားဖို့ အခက်အခဲတွေ ရှိနေပြီး ကိုဗစ်ကပ်ဘေးကလည်းအတူတူ ရောက်လာတယ်။ တဖက်မှာလည်း ဆန္ဒပြသူတွေဟာ ခုခံကာကွယ်နေကြတာကနေ အိမ်လုပ်လက်နက်တွေကို သုံးပြီး တချို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဆီကနေ စစ်သင်တန်းလေ့ကျင့်မှု ခံယူပြီးတော့ တိုက်ခိုက်ထိုးစစ်ဆင်တဲ့ နည်းဗျူဟာကို ပြောင်းလဲလာကြပြီလို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောပါတယ်။

နိုင်ငံရေးအကျပ်အတည်းကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေးပြိုလဲမှုတွေကြောင့် လာမယ့် ၃ လကနေ ၆ လအတွင်း လူဦးရေ ၃ ဒသမ ၄ သန်းလောက် စားနပ်ရိက္ခာ မလောက်ငတဲ့ အန္တရာယ် ရှိနိုင်တယ် လို့ မစ္စ ဘာဂီနာက ခန့်မှန်းထားပါတယ်။

ဒါကြောင့် အားလုံးခြုံပြောရရင် မြန်မာပြည်ရြ့အခြေအနေ အလုံးစုံ ဆိုးရွားနေတာပါလို့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်က နိဂုံးချုပ် ပြောသွားပါတယ်။ 

5 months Ago

October 10, 2020

ဒီဗိုင်းရပ်စ်ဟာ ခင်ဗျားတို့ ထင်တာထက်ပိုပြီး ဆိုးရွားပါတယ် - မန်စီးတီးကွင်းလယ်လူ ဂန်ဒိုဝမ်

ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်လို့ ခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရမှုကို မန်စီတီးကွင်းလယ်လူ အီကေးဂန်ဒိုဝမ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။  တခြားသူတွေအနေနဲ့လည်း ဗိုင်းရပ်စ်ကို အလေးအနက်ထား ဂရုစိုက်ကြဖို့ကိုလည်း ပြီးခဲ့ တဲ့လက ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသူ ဂမ်ဒိုဝမ်က တိုက်တွန်းခဲ့ပါတယ်။  ဂမ်ဒိုဝမ်ဟာ ကျန်းမာရေးအခြေအနေကြောင့် မန်စီတီးအသင်းအတွက် ဒီရာသီအတွင်း လုံးဝ ကစားပေးနိုင်ခြင်း မရှိသေးပါဘူး။  ဒါပေမဲ့ အခုချိန်မှာတော့ သူ့ရဲ့ ကွာရန်တင်းကာလဟာ ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး အသင်းဖော်တွေ နဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီ ဖြစ်ပါတယ်။ “နောက်ဆုံးစစ်ဆေးမှုမှာ negative ဖြစ်ခဲ့တာကြောင့် ကျနော်ဟာ လေ့ကျင့်ခန်းပြန်ဆင်း ခွင့်ရခဲ့ပါပြီ။ ဒါပေမယ့် ရောဂါက ကျနော့်ကို တော်တော်လေး ဒုက္ခပေးခဲ့ပါတယ်။ တကိုယ်လုံး နာကျင်ကိုက်ခဲ့ပြီး လုံးဝကို မောပန်းနေခဲ့ရပါတယ်။ အရသာလည်း ဘယ်လိုမှခံလို့ မရတော့ပါဘူး။ ဘယ်လိုမှ အဆင်မပြေခဲ့ဘဲ အိပ်ယာပေါ်မှာပဲ လှဲနေခဲ့ရပါတယ်။ ရက်အနည်းငယ်ကြာခဲ့ပြီး နောက်မှာမှ ကျနော်ပြန်ပြီး ထူထူထောင်ထောင်ဖြစ်လာခဲ့တာတာပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်ဟာ တော်ရုံတန်ရုံ ဖျားခဲတဲ့လူပါ” လို့ ဂျာမနီကွင်းလယ်လူက ပြောပါတယ်။ လက်ရှိအချိန်မှာ ဒီဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်း လူသေဆုံးမှုဟာ ၁ သန်းကျော်သွားခဲ့ပြီဖြစ်ပြီး တခြားလူတွေအနေနဲ့လည်း ဗိုင်းရပ်စ်အန္တရာယ်ကို အလေးအနက်ထား ဂရုစိုက်သင့်တယ်လို့ ဂန်ဒိုဝမ်က တိုက်တွန်းခဲ့ပါတယ်။  “အခုလက်ရှိအခြေအနေတွေကို ကြည့်မယ်ဆိုရင် ဒီဗိုင်းရပ်စ်ကို လျှော့တွက်လို့ မရပါဘူး။ ဂျာမနီ၊ အင်္ဂလန်အပါအဝင် ကမ္ဘာ့နိုင်ငံတွေက ရောဂါဖြစ်ပွားနှုန်းကို ကြည့်မယ်ဆိုရင် တကယ်ကို စိုးရိမ်သင့်တဲ့ အနေအထားပါ။ ကျနော်မှာ ဗိုင်းရပ်စ်ကူးစက်ခံရတယ်ဆိုပြီး လူသိရှင်ကြား ထုတ်ပြန်လိုက်တော့ ‘သူခဏ နေရင်သက်သာသွားမှာပါ’ လို့ အဓိပ္ပာယ်ရတဲ့ တုံ့ပြန်မှုများစွာကို ရခဲ့ပါတယ်။ ကျနော်ပြောချင်တာကတော့ ဒီဗိုင်းရပ်စ်ဟာ ခင်ဗျားတို့ ထင်တာထက်ပိုပြီး ဆိုးရွားပါတယ်” လို့ ကွင်းလယ်လူက ပြောပါတယ်။     အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနိုင်နေပြီဖြစ်တာကြောင့် ဂမ်ဒိုဝမ်ဟာ လာမယ့်အောက် တိုဘာ ၁၇ ရက်အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီတီးအသင်းအတွက် ပြန်လည်ပွဲထွက်ခွင့်ရရှိ နိုင်ပါတယ်။
1 year Ago
Up