ဘိုလီးဗီးယားရဲ့ အင်အားကြီး ဆိုရှယ်လစ်ပါတီက လူးဝစ်အာ့တ်ဟာ နိုဝင်ဘာ ၈ ရက်က သမ္မတအဖြစ် ကျမ်းသစ္စာဆိုပါတယ်။
ဒါဟာ ပြီးခဲ့တဲ့နှစ် ဆန္ဒပြပွဲတွေအကြား ကာလရှည်လက်ဝဲခေါင်းဆောင် အီဗိုမိုရာလက်စ် ရာထူးက ပြုတ်ကျပြီးနောက်ပိုင်း တစ်နှစ်အကြာမှာ မိုရာလက်စ်ရဲ့ ဆိုရှယ်လစ်ပါတီ ကိုယ်စားလှယ်လောင်းက သမ္မတ ပြန်ဖြစ်လာတာပါ။
မြို့တော်လာပက်ဇ်မှာ ကျင်းပတဲ့ သမ္မတသစ် ရာထူးလက်ခံတဲ့ အခမ်းအနားအတွင်း အာဂျင်တီးနား၊ ပါရာဂွေး၊ ကိုလံဘီယာနဲ့ စပိန်နိုင်ငံ ခေါင်းဆောင်တွေရှေ့မှာ လူးဝစ်အာ့တ်ကို သမ္မတရာထူး အပ်နှင်းခဲ့တာပါ။
အခမ်းအနားကို ချီလီ၊ အီရန်နဲ့ ဗင်နီဇွဲလားအစိုးရတို့က အရာရှိကြီးတွေလည်း တက်ရောက်ပါတယ်။
သမ္မတမိုရာလက်စ်လက်ထက်က စီးပွားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ လူးဝစ်အာ့တ်ဟာ သမ္မတသစ်အဖြစ် နိုင်ငံရေးအရ ကွဲပြားမှုတွေ ကုစားဖို့နဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို ဖြေရှင်းဖို့ဆိုတဲ့ တာဝန်ကြီးကို လက်ခံယူရမှာ ဖြစ်ပါတယ်။
ဘိုလီးဗီးယား သမ္မတသစ် အ့ာတ်က နိုင်ငံရေးအရ ကွဲပြားမှုတွေကို ကုစားဖို့၊ ကြောက်စိတ်တွေကို အဆုံးသတ်ဖို့နဲ့ ကပ်ရောဂါကို အနိုင်ယူဖို့ ကတိပြုခဲ့တယ်လို့ ရိုက်တာက ရေးသားထားပါတယ်။
2 years Ago