ဆိုရှယ်လစ်ပါတီ

October 20, 2020

ရွေးကောက်ပွဲ၌ ဆိုရှယ်လစ်နိုင်ပါက ပြည်တော်ပြန်မည်ဟု ဘိုလီဗီးယားသမ္မတဟောင်း ပြော

ဘိုလီးဗီးယားသမ္မတ ရွေးကောက်ပွဲမှာ ဆိုရှယ်လစ် သမ္မတလောင်းဟာ နောက်တစ်ကြိမ် ယှဉ်ပြိုင်စရာမလိုဘဲ အနိုင်ရဖို့ နီးစပ်နေတာမို့ ပြည်တော်ပြန်မယ်လို့ သမ္မတဟောင်း အီဗိုမိုရာလက်စ်ပါတီက ပြောလိုက်ပါတယ်။ လက်ရှိအချိန် သမ္မတဟောင်း မိုရာလက်စ်ဟာ အိမ်နီးချင်း အာဂျင်တီးနားနိုင်ငံမှာ နိုင်ငံရေး ခိုလှုံနေပြီး ဒီရွေးကောက်ပွဲဟာ မိုရာလက်စ်ရဲ့လက်ဝဲဝါဒီပါတီ အာဏာပြန်ရမယ့် အခြေအနေ တွန်းပို့နေပါတယ်။ မိုရာလက်စ်လက်ထက်က စီးပွားရေးဝန်ကြီး လုပ်ခဲ့တဲ့ သမ္မတလောင်း လူးဝစ်အာ့တ်ဟာ အောက်တိုဘာ ၂၀ ရက် လူထုစစ်တမ်းအရ  ထောက်ခံမဲ ၅၂ ဒသမ ၄ ရာခိုင်နှုန်း  ရထားပါတယ်။  ဒါဟာ ထောက်ခံမဲ့ ၃၁ ဒသမ ၅ ရာခိုင်နှုန်းသာ ရထားတဲ့  ပြိုင်ဘက် ကာလို့စ်မက်ဆာထက် ၂၀ ရာခိုင်နှုန်းကျော် သာလွန်နေပါတယ်။   ပြီးခဲ့တဲ့ ဆယ်စုနှစ်  နှစ်ခုကျော်က လက်တင်အမေရိကမှာ ဆက်တိုက်ပေါ်လာတဲ့ လက်ဝဲဝါဒီ သမ္မတတွေထဲ မိုရာလက်စ်ဟာ ထင်ရှားပြီး သက်တမ်းရှည်တဲ့ခေါင်းဆောင် ဖြစ်ခဲ့ပါတယ်။ အခုရွေးကောက်ပွဲဟာ ဘိုလီးဗီးယားမှာ လက်ဝဲဝါဒီ သြဇာကြီးမားနေဆဲ ဆိုတာကို သက်သေပြလိုက်တာပဲ ဖြစ်တယ်လို့ ရိုက်တာက ဆိုပါတယ်။
1 year Ago

July 10, 2020

ဗင်နီဇွဲလားဆိုရှယ်လစ်ပါတီခေါင်းဆောင် ကိုဗစ်-၁၉ ကူးစက်ခံရ

ဗင်နီဇွဲလားနိုင်ငံရဲ့ ဆိုရှယ်လစ်ပါတီခေါင်းဆောင် ဒိုင်အိုစဒါဒိုကတ်ဘယ်လိုဟာ ကိုဗစ်-၁၉ ကူးစက်ခံနေရတယ်လို့ တွစ်တာမှာ ဇူလိုင်လ ၉ ရက်က ကြေညာလိုက်ပါတယ်။  သမ္မတ မာဒူရိုကတော့ သူ့ကြေညာချက် ထုတ်ပြီးနောက်ပိုင်း ကတ်ဘယ်လိုဟာ ရက်များစွာ ကုသပြီး ပြန်နာလန်ထလာဖို့လိုတဲ့အပြင် လက်ရှိမှာ အနားယူနေကာ ကျန်းမာရေးကောင်းတယ်လို့ ပြောပါတယ်။  အာဏာရဆိုရှယ်လစ်ပါတီက ဗင်နီဇွဲလားဟာ တခြားလက်တင်အမေရိကနိုင်ငံတွေထက် စာရင် ကပ်ဘေးကို ကိုင်တွယ်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။  သမ္မတ မာဒူရိုရဲ့ ဇူလိုင် ၈ ရက်က တနိုင်ငံလုံးကို ရုပ်သံကပြောတဲ့ မိန့်ခွန်းမှာလည်း အတည်ပြုလူနာအသစ် ၃၁၇ ဦး တွေ့ရှိတယ် ဆိုပါတယ်။  ဗင်နီဇွဲလားဟာ အခုဆို အတည်ပြုလူနာဦးရေ ၈,၀၁၀ ရှိနေပြီလို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ 
2 years Ago
Up