ဆိုရှယ်မီဒီယာကုမ္ပဏီ

July 7, 2020

TikTok ဆိုရှယ်မီဒီယာကုမ္ပဏီ ဟောင်ကောင်ဈေးကွက်မှ ရုပ်သိမ်းမည်

တရုတ်အစိုးရက ဟောင်ကောင်မှာ အမျိုးသားလုံခြုံရေးဥပဒေသစ် ပြဋ္ဌာန်းပြီးနောက်  TikTok ဆိုရှယ်မီဒီယာကုမ္ပဏီက ဟောင်ကောင်ဈေးကွက်ကနေ ရက်ပိုင်းအတွင်း ရုပ်သိမ်းတော့မယ်လို့ ပြောဆိုလိုက်ပါတယ်။ အလားတူ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကလည်း လူမှုကွန်ရက်အသုံးပြုသူ သတင်းအချက်အလက်နဲ့ ပတ်သက်ပြီး ဟောင်ကောင်ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှုကို  ခေတ္တဆိုင်းငံ့မယ်လို့ ဒီသီတင်းပတ်မှာ ပြောဆိုပါတယ်။ ပြည်မကြီးပြင်ပက အသုံးပြုသူတွေအတွက် ကမ္ဘာလုံးဆိုင်ရာ အသုံးပြုသူတိုးစေဖို့ TikTok အပလီကေးရှင်းကို တရုတ်အခြေစိုက် ဘိုက်ဒန့်စ် (ByteDance) က  တည်ထောင်ခဲ့တာပါ။ ကုမ္ပဏီဟာ ပြည်မကြီးမှာလည်း တောက်ရင်ဆိုတဲ့ နာမည်နဲ့ ဗွီဒီယိုအတိုလေးတွေ ဝေမျှတဲ့ လုပ်ငန်းကို လုပ်ကိုင်ပါတယ်။ လောလောဆယ်မှာ ဝေါ့တ်ဒစ္စနေ အုပ်ချုပ်ရေးမှူးဟောင်း ကီဗင်မေယာ လုပ်ကိုင်နေတဲ့ တစ်တော့က အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို တရုတ်နိုင်ငံမှာ သိမ်းဆည်းမှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။ ဒါ့အပြင် တရုတ်အစိုးရရဲ့ ဆင်ဆာအကြောင်းအရာတွေ ထည့်သွင်းမှု၊ အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ဝင်ကြည့်ခွင့်ကို လိုက်လျောမှာ မဟုတ်ဘူးလို့လည်း TikTok ကုမ္ပဏီက ပြောဆိုထားပါတယ်။ ဟောင်ကောင် အမျိုးသားလုံခြုံရေးဥပဒေသစ်က တရုတ်အာဏာပိုင်တွေကို အခွင့်အာဏာသစ်တွေ ပေးအပ်ထားတဲ့အတွက် အချက်အလက် လွတ်လပ်ခွင့်နဲ့ပတ်သက်လို့ စိုးရိမ်စရာတွေ မြင့်တက်လာတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
1 year Ago
Up