ဆိုရှယ်မီဒီယာ

A d v e r t i s e m e n t With Us

January 9, 2021

ဆိုရှယ်မီဒီယာတွင် စီရော်နယ်ဒိုက မက်ဆီထက် ပရိသတ်သန်း ၂၀၀ ပိုများ

ဆိုရှယ်မီဒီယာတွေမှာ စီရော်နယ်ဒိုက မက်ဆီထက် သန်း ၂၀၀ ကျော် ပရိသတ်ပိုများနေပါတယ်။  Facebook၊ Twitter နဲ့ အင်စတာဂရမ်တွေမှာ  Follower and Like လုပ်သူအများဆုံး ဘောလုံးသမားတွေကို လေ့လာကြည့်ရမှာ ပေါ်တူဂီနဲ့ ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုက Follower and Like လုပ်တဲ့ ပရိသတ် စုစုပေါင်း ၄၆၅ သန်းအထိ ရှိခဲ့တာဖြစ်ပါတယ်။  စီရော်နယ်ဒိုအနေနဲ့  ဖေ့ဘွက်ခ်မှာ ၁၂၄ သန်း၊ တွစ်တာမှာ သန်း ၉၀၊ အင်စတာဂမ်မှာ ၂၅၁ သန်းအထိ Like and Follower ရှိပါတယ်။  ဒုတိယနေရာမှာ အာဂျင်တီးနားနဲ့ ဘာစီလိုနာ အသင်းခေါင်းဆောင် မက်ဆီက ၂၆၅ သန်း နဲ့ ရပ်တည်နေပါတယ်။ မက်ဆီအနေနဲ့ ဖေ့ဘွတ်ခ်မှာ သန်း ၉၀ နဲ့ အင်စတာမှာ ၁၇၅ သန်းရှိပြီး တွစ်တာတရားဝင် အကောင့်တော့ မရှိတာကြောင့် ဖော်ပြထားခြင်းမရှိခဲ့ပါဘူး။ တတိယနေရာမှာ ပီအက်စ်ဂျီနဲ့ ဘရာဇီးတိုက်စစ်မှူးနေမာက ရပ်တည်နေပြီး  ဆိုရှယ်မီဒီယာ ၃ လုံးစုံမှာ ၂၅၆ သန်းအထိ ရှိပါတယ်။အဲဒီနောက် အဲဗာတန်ကွင်းလယ်လူ ဂျိမ်းစ်ရိုဒရီဂွက်ဇ်၊ စပါးက ဘေးလ်၊ ရီးရဲလ်နောက်ခံလူ ရာမို့စ်၊ အေစီမီလန်က အေဗရာဟီမိုဗစ်၊ အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ်၊ ရီးရဲလ်နောက်ခံလူ မာဆယ်လိုနဲ့ အက်သလက်တီကို တိုက်စစ်မှူ ဆွာရက်ဇ်တို့က ဆိုရှယ် မီဒီယာတွေမှာ အများဆုံး Like and Follower ရရှိထားသူတွေဖြစ်ပါတယ်။ 
2 months Ago

May 29, 2020

အမေရိကန်တွင် ဆိုရှယ်မီဒီယာများနှင့်ဆိုင်သည့်အမိန့် ထုတ်မည်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့တွစ်တာပို့စ်မှာ သတိပေးစာတန်းတက်ခဲ့ပြီးနောက်  ဆိုရှယ်မီဒီယာတွေနဲ့ဆိုင်တဲ့ အမိန့်တရပ်ကို  သမ္မတ ထရမ့် လက်မှတ်ရေးထိုးသွားမယ်လို့  အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ်က မေလ ၂၆  ရက်က ပြောခဲ့ပါတယ်။    “မေးလ်ကနေ  မဲထည့်တာနဲ့  ပတ်သက်လို့ မဲလိမ်တာတွေ ဖြစ်နိုင်တယ်”ဆိုပြီး သမ္မတ ထရမ့်က ဝေဖန်တဲ့ ပို့စ်တချို့ကို တွစ်တာမှာ တင်ခဲ့တာပါ။  အဲဒီနောက် “စီအန်အန် ၊ ဝါရှင်တန်ပို့စ်နဲ့  တခြားမီဒီယာတွေ အဆိုအရ သမ္မတ ထရမ့် ပြောကြားချက်တွေဟာ အထောက်အထား ခိုင်ခိုင်လုံလုံ မရှိဘူး” ဆိုပြီး တွစ်တာရဲ့ သတိပေး စာတန်း တက်လာခဲ့ပါတယ်။  မေးလ်နဲ့ မဲထည့်တာက မဲလိမ်တာနဲ့ သိပ်ဆက်နွှယ်မှု မရှိဘူးလို့ ကျွမ်းကျင်သူတွေ ပြောကြတယ်” ဆိုပြီးလည်း  ဖော်ပြထားပါတယ်။  တွစ်တာရဲ့ သတိပေးစာတန်းနဲ့ ပတ်သက်ပြီး  ထရမ့်က  “တွစ်တာဟာ  လွတ်လပ်စွာ ပြောဆိုခွင့်ကို  လုံး၀ နှိပ်ကွပ်နေပြီး  သမ္မတ တယောက်အနေနဲ့  ခွင့်ပြုမှာ မဟုတ်ဘူး”လို့  ရေးသားခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ 
9 months Ago
Up