မန်စီးတီးအသင်းအနေနဲ့ လက်စတာနောက်ခံလူ ကတ်ဂ်လာဆိုယန်ကူကို ခေါ်ယူသင့်တယ်လို့ ကွင်းလယ်လူ ဂွမ်ဒိုဂမ်က တိုက်တွန်းလိုက်ပါတယ်။
တူရကီနောက်ခံလူ ဆိုယန်ကူဟာ ၂၀၁၈ ခုနှစ်က ဂျာမန်ကလပ် ဖရိုင်းဘက်ကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနေတာပါ။
ပရီးမီးယားလိဂ်မှာ လီဗာပူးနောက်ခံလူ ဗန်ဒိုက် ပြီးရင် ဆိုယန်ကူရဲ့ စွမ်းဆောင်ရည်က အကောင်းဆုံးဖြစ်ကြောင်း၊ သူ့အကြောင်းကို အရင်ကမသိခဲ့ပေမယ့် ပြိုင်ဘက်တွေအနေနဲ့ ကစားရတဲ့အချိန်မှာ သိခဲ့ရတာလို့ ဂွမ်ဒိုဂမ်ကပြောပါတယ်။
ဂွမ်ဒိုဂမ်ဟာ ဂျာမနီ ကစားသမားဖြစ်ပေမယ့် တူရကီမိဘတွေကနေ မွေးဖွားလာသူဖြစ်ပါတယ်။ ဆိုယမ်ကူဟာ တူရကီမှာရော လက်စတာမှာပါ အကောင်းဆုံးကစားနေပြီး လက်ရှိနေရာထက်မြင့်မားတဲ့ နေရာရောက်သင့်ကြောင်းနဲ့ မန်စီးတီးအသင်းမှာ မြင်တွေ့ချင်တယ်လို့ ဂွမ်ဒိုဂမ်က ပြောကြားခဲ့ပါတယ်။
9 months Ago