ဆိုမာလီ

January 13, 2022

ဆိုမာလီနိုင်ငံတွင် ကားဗုံးပေါက်ကွဲ၊ ၈ ဦးထက်မနည်းသေဆုံး

ဆိုမာလီနိုင်ငံရဲ့ မြို့တော် မိုဂါဒစ်ရှူးက လေဆိပ်ကို ဦးတည်တဲ့ လမ်းပေါ်မှာ ဇန်နဝါရီ ၁၂ ရက်က ကားဗုံး ပေါက်ကွဲခဲ့တာကြောင့် လူ ၈ ယောက်ထက်မနည်း သေဆုံးတယ်လို့ ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။

ဒီဗုံးခွဲမှုအတွက် ဘယ်အဖွဲ့က လုပ်တယ်ဆိုတာတော့  မသိရသေးဘဲ အရင်က ဆိုမာလီနိုင်ငံမှာ အယ်လ်ကိုင်းဒါးတွေနဲ့ ချိတ်ဆက်ထားတဲ့ အယ်လ်ရှာဘတ် သူပုန်တွေကတော့ အလားတူ တိုက်ခိုက်မှုတွေကို သူတို့လက်ချက်အဖြစ် တာဝန်ခံဖူးပါတယ်။

ဒီအုပ်စုဟာ ဗဟိုအစိုးရကို ဖြုတ်ချပြီး အစ္စလာမ္မစ် ဥပဒေရဲ့ ပိုတင်းကြပ်တဲ့ပုံစံနဲ့ တိုင်းပြည်ကို အုပ်ချုပ်ဖို့ ရည်မှန်ထားပါတယ်။

လုံခြုံရေးနဲ့ အစိုးရပစ်မှတ်တွေကို သာမက အရပ်သားတွေကိုပါ သေနတ်တွေ ဗုံးတွေနဲ့ တိုက်ခိုက်တာ မကြာခဏ လုပ်လေ့ရှိပါတယ်။

အယ်လ်ရှာဘတ်အဖွဲ့ဟာ အာဖရိကသမဂ္ဂ ငြိမ်းချမ်းရေး တပ်တွေကိုလည်း တိုက်ခိုက်ခဲ့ ဖူးပါတယ်။

11 months Ago

August 1, 2021

ဆိုမာလီ ဘောလုံးသမားများ တင်လာသည့် ဘတ်စ်ကား ဗုံးခွဲခံရပြီး ၅ ထက်မနည်းသေဆုံး

ဆိုမာလီယားနိုင်ငံ  ဆိပ်ကမ်းမြို့ကစ်မာယိုမှာ ဘောလုံးအားကစားသမားတွေကို တင်လာတဲ့ ဘတ်စ်ကားတစီး ဗုံးထောင် ဖောက်ခွဲ ခံခဲ့ရလို့ ကစားသမား ၅ ဦးထက် မနည်း သေဆုံးခဲ့တယ်လို့ ရဲအရာရှိတယောက်က ပြောပါတယ်။

ဇူလိုင် ၃၀ ရက် ညနေပိုင်းက တိုက်ခိုက်မှု နောက်ကွယ်မှာ ဘယ်သူရှိတယ်ဆိုတာ ချက်ချင်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

သမ္မတက သေဆုံးသူတွေအတွက် စာနာကြောင်း သတင်းစကား ပေးပို့ခဲ့ပြီး ဖောက်ခွဲမှုအတွက် အယ်လ်ကေဒါတွေနဲ့ ပတ်သက်နေတဲ့ အယ်လ်ရှာဘတ် သူပုန်တွေကို အပြစ်တင်ခဲ့ပါတယ်။

ဗဟိုအစိုးရကို ဖယ်ရှားချင်ပြီး အစ္စလာမ်ဘာသာရဲ့ ပြင်းထန်တင်းကျပ်တဲ့ ရှရီးယား ဥပဒေကို ချမှတ် ကျင့်သုံးချင်နေတဲ့ အယ်လ်ရှာဘတ်တွေဟာ ဆိုမာလီယားနိုင်ငံအတွင်း သေနတ်တွေ ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ မကြာခဏ လုပ်လေ့ရှိတယ်လို့ ရိုက်တာသတင်းမှာ ရေးပါတယ်။

1 year Ago
More News
Up