ဆိုဖီယာ

A d v e r t i s e m e n t With Us

April 18, 2020

 ဆွီဒင်တော်ဝင်မင်းသမီး ဆိုဖီယာ ဆေးရုံတရုံတွင် ကူညီပေးမည်

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့ ကာလမှာ ဆွီဒင်တော်ဝင်မင်းသမီး ဆိုဖီယာက ဆေးရုံတရုံမှာ အကူအညီ ပေးသွားမယ်လို့ သိရပါတယ်။  အသက် ၃၅ နှစ်အရွယ် မင်းသမီး ဆိုဖီယာဟာ ဆေးဘက်နဲ့ မသက်ဆိုင်တဲ့ လုပ်ငန်းတွေမှာ ကူညီပေးသွားမှာပါ။  လူမှု ကွန်ရက်အင်စတာဂရမ်မှာ ဆိုဖီယာက သူ ထောက်ပံ့ကူညီနေတဲ့ ဆိုဖီယာဟမ်းမက် ဆေးရုံမှာ သင်တန်း ၃ ရက် တက်ရောက်ခဲ့တယ်လို့ ရေးသားခဲ့တာပါ။ ဆွီဒင်မင်းသမီး ဆိုဖီယာက သာမန်ဆေးရုံဝန်ထမ်းတွေ၊ ကိုရိုနာဗိုင်းရပ်စ်ကုသရေး လုပ်ဆောင်နေချိန်မှာ  သူက လူနာပြုစုနေတဲ့ ဆေးရုံဝန်ထမ်းတွေနဲ့ သန့်ရှင်းရေး ဝန်ထမ်းတွေကို ကူညီပေးသွားမယ်လို့ ပြောခဲ့ပါတယ်။  ဧပြီ ၁၇ ရက် Worldometer  ဝက်ဘ်ဆိုက် ဖော်ပြချက်အရ ဆွီဒင်နိုင်ငံမှာ  ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁၃, ၀၀၀- ကျော်ရှိပြီး  သေဆုံးသူ ၁,၄၀၀ ရှိတယ်လို့ သိရပါတယ်။
11 months Ago
Up