ဆိုင်းငံ့ထောင်ဒဏ် ၂ နှစ်ကျ

A d v e r t i s e m e n t With Us

December 24, 2020

ရုရှားအစိုးရဝေဖန်သူ ဆိုင်းငံ့ထောင်ဒဏ် ၂ နှစ်ကျ

မော်စကိုမြို့တော် ကောင်စီဝင်နဲ့ ရုရှားအစိုးရကို ဝေဖန်သူ ယူလီယာဂါလျာမီနာဟာ အတိုက်အခံ ဆန္ဒပြပွဲတွေကို စီစဉ်ရာမှာ စည်းမျဉ်းတွေကို ထပ်ခါတလဲ ချိုးဖောက်တယ်ဆိုတဲ့ စွဲချက်အတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး ဒီဇင်ဘာ ၂၃ ရက်မှာ ဆိုင်းငံ့ထောင်ဒဏ် ၂ နှစ် ချမှတ်ခံလိုက်ရပါတယ်။  လက်ရှိသမ္မတ ဗလာဒီမီယာပူတင်ကို ၂၀၃၆ ထိ အာဏာမြဲနေစေမယ့် အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ ဂါလျာမီနာက ပါဝင်ခဲ့တာပါ။  သူကတော့ စွဲချက်ဟာ နိုင်ငံရေးအရ အကွက်ရွှေ့ခံရတာလို့ ပြောပါတယ်။ သူ့အပေါ် ရုရှားအာဏာပိုင်တွေက ဇူလိုင်လမှာ အမှုဖွင့်ခဲ့တာပါ။ တရားရုံးအပြင်မှာတော့ သူ့ကို ထောက်ခံသူတွေက ကောင်းချီးပေးပြီး လက်ခုပ်တီးခဲ့ကြပါတယ်။  ဆုံးဖြတ်ချက်နဲ့ ပြစ်ဒဏ်အတွက် အယူခံဝင်မယ်လို့ သူက တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ရေးခဲ့ပါတယ်။ အစိုးရရှေ့နေတွေက သူ့အား ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ချဖို့ တရားရုံးကို တောင်းဆိုထားပါတယ်။  ဆိုင်းငံ့ထောင်ဒဏ်အရ သူဟာ ထောင်မကျပေမဲ့ လာမယ့်နှစ် လွှတ်တော် ရွေးကောက်ပွဲကို ဝင်ပြိုင်ခွင့် တားမြစ်ခံထားရတယ်လို့ အတိုက်အခံ နိုင်ငံရေးသမား ဒမစ်ထရီဂဒ်ကို့ဗ်က ပြောပါတယ်။  အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးကတော့ ဂါလျာမီနာ အပေါ် စွဲချက်တွေ ဟာ အတုအယောင်တွေသာ ဖြစ်ပြီး ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေကို ရာဇဝတ်မှု နဲ့ နာမည်တပ်ဖို့ တရားစီရင်ရေးစနစ်ကို အသုံးချထားတာသာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။  
2 months Ago
Up