ဆိုင်ရှင်နှင့်ဝန်ထမ်းထမ်း၃ဦးကိုဖမ်းဆီး

March 31, 2021

ပုသိမ်တွင် ဓာတ်ပုံဆိုင်ကို အကြမ်းဖက်စစ်အုပ်စုဝင်စီး၊ ဆိုင်ရှင်နှင့် ဝန်ထမ်း ၃ ဦးကို ဖမ်းဆီး

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၄ ရပ်ကွက်မှာ မတ်လ ၃၀ ရက်နေ့ ညပိုင်းက ငွေထီး ဓာတ်ပုံဆိုင်ကို အကြမ်းဖက်စစ်အုပ်စု လက်ပါးစေတွေက အရပ်ဝတ်နဲ့ လာရောက်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ငွေထီးဓာတ်ပုံဆိုင်ကို အကြမ်းဖက်စစ်အုပ်စု လက်ပါးစေတွေက ည ၇ နာရီကျော်လောက်မှာ အရပ်ဝတ်တွေနဲ့ရောက်လာပြီး ဆိုင်အတွင်း ဝင်ရောက်ရှာဖွေတာတွေပြုလုပ်အပြီးမှာ ဆိုင်ပိုင်ရှင်၊ ဓာတ်ပုံဆရာနဲ့ ဝန်းထမ်း ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ မျက်မြင်တွေ့သူတွေက DVB ကိုပြောပါတယ်။

"ဒီကောင်တွေက အရပ်ဝတ်တွေနဲ့လာတာ၊ အိမ်စီးကားနဲ့ကားနံပါတ်ကို တိပ်နဲ့အုပ်ထားတယ်။ ဆိုင်ထဲဝင်ရှာတာတွေတယ်၊ အနား သွားမကြည့်ဘူး၊ ဒီကောင်တွေက လူစိတ်ရှိတာ မဟုတ်ဘူး။ အဝေးက ကြည့်နေရတာ ပြန်ထွက်တော့ အမျိုးသား ၂ ယောက်၊ မိန်းကလေး ၂ ယောက်ခေါ်သွားတယ်” လို့ ပြောပါတယ်။

ပုသိမ်မြို့မှာ အကြမ်းဖက်စစ်အုပ်စု လက်ပါးစေတွေက မတ်လဆန်းပိုင်းက စတင်ကာ ဓာတ်ပုံဆိုင်တွေ၊ မိတ္တူဆိုင်တွေကို ဝင်ရောက်ပြီး ဗီနိုင်းထုတ်တာ ရှိမရှိ ဝင်ရောက်ရှာဖွေတာရှိပြီး ခုလို ဆိုင်ရှင်နဲ့ဝန်ထမ်းတွေ ဖမ်းဆီးသွားတာတော့ မရှိဘူးလို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စု လက်ပါးစေတွေဖမ်းဆီးသွားတဲ့ ဓာတ်ပုံဆိုင်ပိုင်ရှင်နဲ့ ဝန်ထမ်းတွေကို ခုချိန်ထိအဆက်သွယ်မရသေးဘူးလို့ မိသားစုတွေဆီက သိရပါတယ်။

2 months Ago
Up