ဆိုင်ကလုန်း အိုင်ဒါ

March 12, 2020

ဆိုင်ကလုန်းဒဏ်သင့် နိုင်ငံများ ထူထောင်ရေး ကန်ဒေါ်လာ ၂ ဘီလီယံကျော် လိုအပ်

လူပေါင်း ၆၈၀ ကျော် သေဆုံးခဲ့တဲ့ ဆိုင်ကလုန်း အိုင်ဒါ ဝင်ရောက်ခဲ့တာ မတ် ၁၄ ရက် ဆိုရင် တနှစ်ပြည့်တော့မှာပါ။  တောင်အာဖရိကနိုင်ငံ ၃ ခုဖြစ်တဲ့ မိုဇမ်ဘစ်၊ ဇင်ဘာဘွေနဲ့ မာလာဝီနိုင်ငံတွေမှာ ဆိုင်ကလုန်း အိုင်ဒါ ဝင်ရောက်ခဲ့တဲ့အတွက် အပျက်အစီး အများအပြားဖြစ်ခဲ့ပြီး လူပေါင်းသိန်းချီ နေရပ်စွန့်ခွာခဲ့ရပါတယ်။ ဆိုင်ကလုန်းဒဏ် အဆိုးရွားဆုံးခံရတဲ့ မိုဇမ်ဘစ်နိုင်ငံ ဘေးရာဆိပ်ကမ်းဟာ ဥရောပတိုက်က လူဇင်ဘတ်နိုင်ငံ အရွယ်အစားလောက် ရှိပါတယ်။  ကုလသမဂ္ဂ ထုတ်ပြန်ချက်အရ ဆိုင်ကလုန်း အိုင်ဒါကြောင့် လူပေါင်း ၁ သန်းကျော် ထိခိုက်ခဲ့ပါတယ်။  ဆိုင်ကလုန်း အိုင်ဒါကို  မိုးလေဝသနဲ့ဆိုင်တဲ့ အဆိုးရွားဆုံး ဘေးအန္တရာယ်တွေထဲက တခုလို့ သတ်မှတ်ထားပြီး ဆိုင်ကလုန်းဒဏ်သင့် နိုင်ငံတွေ ပြန်ထူထောင်ရေးအတွက် အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် လိုအပ်မယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။  ရာသီဥတု ပြောင်းလဲမှုဟာ မိုးလေဝသဖြစ်စဉ် တခုတည်းကြောင့် မဟုတ်ဘဲ ကမ္ဘာကြီး ပူနွေးလာတာကြောင့် ကမ္ဘာအနှံ့ မိုးကြီးတာတွေ၊ မုန်တိုင်းဝင်တာတွေ၊ အပူလှိုင်းဖြတ်တာတွေ၊ ရိတ်သိမ်းချိန် လျော့နည်းတာနဲ့ ရေပြတ်လပ်တာတွေကို ပိုမိုဖြစ်စေတယ်လို့ သိပ္ပံပညာရှင်တွေက ပြောနေကြပါတယ်။  
2 years Ago
Up