ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်

May 15, 2020

ဘင်္ဂလားပင်လယ်အော်တွင် မေလ ၁၆ ရက်နေ့ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ဟု မိုးဇလခန့်မှန်း

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာပြီး  နောက် ၁၂ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ  မုန်တိုင်းငယ်  (Depression)အဆင့်ကို ရောက်ရှိနိုင်တယ်လို့ မိုးဇလဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။  အဆိုပါမုန်တိုင်းငယ်ဟာ မေလ ၁၆ ရက်မှာတော့  ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)အဆင့်သို့ လည်းကောင်း ရောက်ရှိနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။   လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိပြီး နောက် ကနဦးမှာ အနောက်မြောက်ဘက်သို့ရွေ့လျားပြီး မေလ ၁၇ ရက်နောက်ပိုင်းမှာ မြောက်-အရှေ့မြောက်ဘက်သို့ကွေ့ကာ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းကို ရွေ့လျားနိုင်တယ်လို့ လည်း မိုးဇလ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။  စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ ကျန်တိုင်း ဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမှာဖြစ်ပြီး ရွာရန်ရာနှုန်း(၈၀) ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိမှာဖြစ်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ ၅ ပေမှ ၇ ပေလောက်ရှိမယ်လို့ လည်းခန့်မှန်းထားပါတယ်။ ဓာတ်ပုံ-မိုးဇလ
11 months Ago

May 14, 2020

ဘင်္ဂလားပင်လယ်အော်တွင် နောက် ၄၈ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ဟု မိုးဇလခန့်မှန်း

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေပြီး၊ ပိုမိုအားကောင်းလာကာ နောက်(၂၄)နာရီအတွင်း  မုန်တိုင်းငယ် (Depression)အဆင့်သို့ ရောက်နိုင်တယ်လို့ မိုးဇလဌာနက ဒီကနေ့ မွန်းလွဲ ၂ နာရီက ထုတ်ပြန်ပါတယ်။ အဆိုမုန်တိုင်းငယ်ဟာ  နောက်(၄၈)နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)အဆင့်သို့ ရောက်ရှိနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။  အဆိုပါ လေဖိအားနည်းရပ်ဝန်းဟာ  မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိပြီးနောက် ကနဦးမှာ အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး မေလ ၁၇ ရက်လောက်မှာ မြောက်-အရှေ့မြောက်ဘက်သို့ကွေ့ကာ၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းသို့ ရွေ့လျားနိုင်တယ်လို့လည်း မိုးဇလက ခန့်မှန်းထုတ်ပြန်ထားပါတယ်။ 
11 months Ago
Up