ဆိုင်ကယ် ၂၆ စီး

November 22, 2020

ဟင်္သာတတွင် ဆိုင်ကယ် ၂၆ စီး ခိုးယူခဲ့သူ ၂ ဦး ဖမ်းမိ

ဧရာဝတီတိုင်း ဟင်္သာတမြို့မှာ ဆိုင်ကယ် ၂၆ စီးအား ခိုးယူထားသူ ၂ ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ ည ၁၂ နာရီကျော်မထွက်ရ အမိန့်ထုတ်ထားတဲ့ ကိုဗစ်ကာလမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး လှည့်ကင်းတွေ ဆောင်ရွက်‌နေစဉ် နိုဝင်ဘာ ၁၉ ရက်နေ့ မနက်အစောပိုင်း ၃ နာရီလောက်မှာ မသင်္ကာသူ ၂ ဦးအား တွေ့ရှိခဲ့ပြီး ခေါ်ယူစစ်ဆေးခဲ့ရာက ဆိုင်ကယ် ခိုးမှုတွေ ပေါ်ပေါက်ခဲ့တာလို့ မြို့မရဲစခန်းမှူး ဒုရဲမှူးမင်းအောင်က ပြောပါတယ်။ ဆိုင်ကယ်တွေထားတဲ့ နေရာကို သွားရောက်ရှာဖွေရာမှာ လော်ဂျားအမျိုးအစား ဆိုင်ကယ် ၂၆ စီးကို သိမ်းဆည်းရမိခဲ့ကာ ဖမ်းဆီးမိသူ ၂ ဦးအား အသေးစိတ်စစ်ဆေးပြီး ထပ်မံဖော်ထုတ်သွားမယ်လို့ ဆိုပါတယ်။ ဆိုင်ကယ်ခိုးယူထားသူ ဇော်ဇော်အောင် (၃၁) နှစ်နဲ့ မိုးဒီ (ခ) ရဲရင့်ဌေး (၂၂) နှစ်တို့ကို ဟင်္သာတမြို့မရဲစခန်းမှာ (ပ)၁၁၅၅/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ-၃၈၀ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
5 months Ago
Up