ဆိုင်ကယ် ဖမ်းဆီးမှု

June 9, 2021

လှိုင်သာယာတွင် ​ဆိုင်ကယ်စီး ပြည်သူများကို သေနတ်ပစ်ဖောက် ဖမ်းဆီးနေ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်မှာ  ဇွန် ၉ ရက် ဒီနေ့ မနက်က ဆိုင်ကယ်နဲ့ သွားလာတဲ့ ပြည်သူတွေကို လမ်းပြပုလိပ်တွေက  သေနတ်ပစ်ဖောက် ခြောက်လှန့်ပြီး ကြမ်းကြမ်းတမ်းတမ်း ဖမ်းဆီးနေတယ်လို့  ဒေသခံတွေကပြောပါတယ်။

“ဒီနေ့မွန်းတည့်  ၁၂ နာရီလောက်က သမကုန်းမှတ်တိုင်နားမှာ မော်တော်ပီကယ် လမ်းပြပုလိပ်က ဆိုင်ကယ်ဖမ်းတာ သေနတ် ၂ ချက် ပစ်ဖောက်ပြီး ဖမ်းဆီးခဲ့ပါတယ်။ သေနတ်ပစ်ခတ်မှုကြောင့် လူထိခိုက်မှုတော့ မရှိဘူး”လို့ ဒေသခံက ဆိုပါတယ်။

လှိုင်သာယာမှာ အခြေခံလူတန်းစားတွေ အများဆုံးစီးလေ့ရှိတဲ့ မော်တော်ဆိုင်ကယ်ကို နေရာအနှံ့အပြားမှာ အတင်းအကျပ် စစ်ဆေးဖမ်းဆီးနေတာကြောင့် ဒေသခံပြည်သူတွေ သွားလာ ရေးအခက်တွေ့နေတယ်လို့ သိရပါတယ်။

7 months Ago
Up