ဆိုင်ကယ်များ

March 9, 2021

ကံပေါက်ဒေသ ဆန္ဒပြပြည်သူများ၏ ဆိုင်ကယ်အစီး ၃၀၀ ကျော်ကို စစ်တပ်က သိမ်းဆည်း

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ ဆန္ဒပြည်သူတွေရဲ့ ဆိုင်ကယ်အစီး ၃၀၀ ကျော်ကို စစ်တပ်နဲ့ရဲက သိမ်းဆည်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကံပေါက်ဒေသရှိ ပြည်သူ‌‌တွေရဲ့  အေးအေးဆေးဆေး ဆန္ဒထုတ်ဖော်နေတဲ့ သပိတ်ကြောင်းကို လမ်းမှာ လာဆီးစောင့်နေတာ သတင်းကြားလို့ ရဲနဲ့ စစ်တပ်ကို ရှောင်ပြီး လမ်းလွှဲကနေသွားပြီး အဆုံးသတ်ခဲ့ပါတယ်။

ဒါကို အေးဆေးမလွှတ်ပေးဘဲ ပြည်သူတွေ မနက်က တောင်ကုန်းထိပ်က ကွင်းပြင်မှာ စုဝေးရပ်ထားတဲ့ ဆိုင်ကယ် အစီး ၃၀၀ ကျော်ကို သိမ်းဆည်းသွားတာလို့ ဆိုပါတယ်။

ဆိုင်ကယ်ပြန်ပေးဖို့ တောင်းဆိုကြတဲ့ ပြည်သူတွေကိုလည်း တောင်ကုန်းထိပ်ကနေ သူတို့ နေရာယူပြီး ပစ်ခတ်ကြတယ်လို့ ဆန္ဒပြပြည်သူတဦးက ပြောပါတယ်။

ပြည်သူတွေ ချွေးနှဲစာနဲ့ ဝယ်ထားတဲ့ ဆိုင်ကယ် အစီး ၃၀၀ ကျော်ကို ယူသွားတဲ့ စစ်‌တပ်ကို ကရင်အမျိုးသားအစည်းအရုံး (KNU) ကနေ ဆိုင်ကယ်ပြန်ပေးဖို့ လာညှိနှိုင်းပေးခဲ့ပေမဲ့ အမိန့်အရ လုပ်တာဆိုပြီး ပြန်မပေးခဲ့ဘူးလို့ သိရပါတယ်။

လက်ရှိမှာတော ကံပေါက် ဆန္ဒပြပြည်သူတွေရဲ့ ဆိုင်ကယ်တွေ ပြန်ရရေးအတွက် ‌ရှေ့နေတွေက လိုက်လံညှိနှိုင်းပေးနေတယ်လို့ သိရပါတယ်။

2 years Ago
Up