ဆိုင်ကယ်မီးရှို့

May 6, 2021

မိတ္ထီလာတွင် CDM မလုပ်ဘဲ ကျောင်းတက်နေသည့် ဆရာဆရာမများ၏ ဆိုင်ကယ်မီးရှို့ခံရ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ မေ ၆ရက်မနက်က မြို့သစ်ရပ်ကွက် မယ်ဇလီပင်ကျေးရွာ မူလတန်းကျောင်းမှ ဆရာ/ဆရာမတွေက CDM မလုပ်ဘဲ ကျောင်းဖွင့်ပြီး ကျောင်းတက်နေစဉ် သူတို့ရဲ့ ဆိုင်ကယ်တွေ မီးရှို့ခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒါ့အပြင်  အဆောက်အဦးမှန်တွေကိုလည်း  ခဲတွေနဲ့ပစ်ခွဲသွားပြီး  ဆိုင်ကယ် ၂ စီး မီးရှို့ခံလိုက်ရကာ ကျန် ၈ စီးလောက်ကိုလည်း ရိုက်ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

1 week Ago

March 29, 2021

မြစ်ကြီးနား၌ ညနေပိုင်းဆန္ဒပြနေသူများကို အကြမ်းဖက်စစ်တပ်က ပစ်ခတ်ပြီး ဆိုင်ကယ်မီးရှို့

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က ရမ်ပူရပ်ကွက်မိန်းလမ်းမကြီးပေါ်မှာ မတ်လ ၂၉ ရက် ညနေ ၄ နာရီလောက်က ရဲနဲ့စစ်တပ်လက်နက်ကိုင်တွေက  သေနတ်ကျည်ဆန်အစစ်တွေ ရာဘာကျည်တွေနဲ့  အချက်၂၀ ကျော်ပစ်ခတ်ပြီး ဆန္ဒပြသူတွေကို ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေသူတွေထံက  သိရပါတယ်။

ဆန္ဒပြရာမှာပါဝင်တဲ့သူတစ်ယောက်က “ ရာဘာကျည်ကျောမှာ ငါးချက်ထိတဲ့သူရယ်၊ နဖူးမှာ တစ်ချက်ထိတဲ့သူတော့ရှိတယ်။  ကျည်အစစ်ကတော့ မထိမိကြဘူး။ လမ်းဘေးမှာရပ်ထားတဲ့ဆိုင်ကယ်တစ်စီးကိုလည်း လက်နက်ကိုင်တွေကမီးရှို့သွားတယ် ”လို့ ပြောပါတယ်။ 

ဒီမနက် ၁၁နာရီကလည်းရမ်ပူရပ်ကွက် နယ်မြေ ၁၄ မှာနေတဲ့ အသက် ၁၃နှစ်အရွယ် ယောကျာ်းလေးတစ်ယောက် ညာဘက်ပါးကို ကျည်အစစ်ထိမှန်ခဲ့ပြီး အမျိုးသမီး တစ်ယောက် ပေါင်မှာ ကျည်အစစ်ထိမှန်ခဲ့သလို ရာဘာကျည်ထိမှန်သူ အမျိုးသား ၃ယောက်ရှိခဲ့ပြီး ဒဏ်ရာကတော့ အရမ်းကြီးမစိုးရိမ်ရဘူးလို့ ဆွေမျိုးတော်စပ်သူတွေထံနေသိရပါတယ်။

ရမ်ပူရပ်ကွက်မှာ ၂၇ ရက်ကစပြီး ဒေသခံလူထုက အလံနက်ထောင်ကာ ဆန္ဒပြခဲ့ကြရာ စစ်ကောင်စီလက်နက်ကိုင်အကြမ်းဖက်တပ်တွေက  ရပ်ကွက်အတွင်းဝင်ရောက်ပစ်ခတ်နေတာ ဒီနေ့နဲ့ဆို ၃ ရက်ရှိပြီဖြစ်ကာ လမ်းဘေးစျေးဆိုင်တွေလည်း  ပိတ်ထားခဲ့ရပါတယ်။

2 months Ago
Up