ဆိုင်ကယ်ပြိုင်ပွဲ

October 20, 2019

ပထမဆုံး ကွင်းတွင်းလမ်းကြမ်း ဆိုင်ကယ်ပြိုင်ပွဲ မန္တလေးတွင် ကျင်းပမည်

မြန်မာနိုင်ငံရဲ့ ပထမဆုံး ကွင်းတွင်းလမ်းကြမ်း ဆိုင်ကယ်ပြိုင်ပွဲ MYANMAR MOTOCROSS 2019 (MMX 2019) ကို မန္တလေးမြို့၊ ၁၁ မိုင် MX Bike Park မှာ အောက်တိုဘာ ၂၆ ရက်ကနေ ၂၇ ရက်နေ့ထိ ကျင်းပမယ်လို့ သိရပါတယ်။ ကွင်းတွင်းလမ်းကြမ်း ဆိုင်ကယ်အကြောင်းနဲ့ ပြိုင်ပွဲအကြောင်း ပိုမိုသိရှိလာစေဖို့ ပြည်သူတွေ စိတ်ဝင်စားလာစေဖို့ ရည်ရွယ်ကျင်းပမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ MMX-A (Senior) 231cc နဲ့ 231cc အထက် (Pro)၊ MMX-A (Junior) 231 cc နဲ့ 231cc အထက် (Pro)၊ MMX-B (Senior) 125 cc မှ 230cc အထိ (Master)၊ MMX-B (Junior) 125cc မှ 230cc အထိ (Master) နဲ့ MMX-C 110 cc မှ 125 cc (Beginner) စတဲ့ ပြိုင်ပွဲအမျိုးအစား ၅ မျိုး ကျင်းပမှာပါ။ ပြိုင်ပွဲဝင်ဖောင်တွေကို ချမ်းအေးသာစံမြို့နယ် ၇၇ လမ်း၊ ၃၂ လမ်းနဲ့ ၃၃ လမ်းကြားရှိ 501 Fashion မှာ ဖောင်ရယူနိုင်မှာဖြစ်ပြီး ဓာတ်ပုံ တပုံ၊ မှတ်ပုံတင်မိတ္တူ၊ ပြိုင်ပွဲဝင်ကြေး (အာမခံပါ) နှစ်သောင်းကျပ် ပေးသွင်း၍ စာရင်းပေးသွင်းရမှာ ဖြစ်ပါတယ်။ လက်ရှိမှာ စာရင်းပေးသွင်းထားသူ ၆၀ ဦးရှိပြီး ပြိုင်ပွဲဖောင်တွေကို အောက်တိုဘာ ၂၅ ရက် နောက်ဆုံးထား ပေးပို့ရမယ်လို့ သိရပါတယ်။ သော်တာ
2 years Ago
Up