ဆိုင်ကယ်ပေါ်က

November 2, 2019

ဆိုင်ကယ်ပေါ်က ပြုတ်ကျသူ တံစဉ်ထိုးမိ သေဆုံး

မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်ခန်းမအနီး နိုဝင်ဘာ ၁ ရက်က အမျိုးသားတဦး ဆိုင်ကယ်ပေါ်က ပြုတ်ကျပြီးနောက် လွယ်အိတ်ထဲ ပါလာတဲ့တံစဉ်နဲ့ ထိုးမိပြီး သေဆုံးခဲ့တယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။ အဲဒီရဲစခန်းက ဒုရဲအုပ်စုရည်နှင်းက “လွယ်အိတ်ထဲပါလာတဲ့ တံစဉ်က ဘယ်ဘက်နံကြားကို ဖောက်ဝင်သွားတယ်။ ဝမ်းတွင်းဆေးရုံမှာ ဆေးကုသနေတုန်း ဆုံးသွားတယ်"လို့ ပြောပါတယ်။ တောင်ဇချမ်းကုန်းရွာနေ ဦးပေါအေး မောင်းနှင်ပြီး အသက် ၆၁ နှစ်ရှိ ဦသန်းလွင် လိုက်ပါစီးနင်းလာတဲ့ ဆိုင်ကယ်ဟာ မြို့နယ်ခန်းမအနီး မောင်းနှင်ရင်း ယိုင်လဲသွားစဉ် ဦးသန်းလွင်ဟာ  ဆိုင်ကယ်ပေါ်က ပြုတ်ကျကာ လွယ်ထားတဲ့ လွယ်အိတ်ထဲမှာ ပါလာတဲ့ တံစဉ် ထိုးမိလို့ သေဆုံးသွားခဲ့တာပါ။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ဦးပေါအေးကို ယာဉ်မဆင်မောင်းလို့ လူသေဆုံးခဲ့တဲ့အတွက် ရာဇသတ်ကြီးပုဒ်မ ၃၀၄-က နဲ့ ဖမ်းဆီးအမှုဖွင့်ထားပါတယ်။ မောင်မောင်လင်း
2 years Ago
Up