ဆိုင်ကယ်နှစ်စီး

A d v e r t i s e m e n t With Us

January 11, 2020

မိုးကောင်းတွင် ယာဉ်တစီးက ဆိုင်ကယ်နှစ်စီးနှင့်ဓာတ်တိုင်အား ဆင့်ကဲတိုက်မှု ဖြစ်ပွား

မိုးကောင်းမြို့နယ်၊ ကျွန်းတောရပ်ကွက်၊ ကျွန်းတောတံတားအနီးမှာ ဒီနေ့မနက် ၉ နာရီခွဲလောက်က မော်တော်ယာဉ်တစီးက ဆိုင်ကယ် ၂ စီးနဲ့ ဓာတ်တိုင်အား ဆင့်ကဲတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၊ ကျွန်းတောရပ်ကွက်၊ ကျွန်းတောတံတားအနီးမှာ မိုးကောင်း-ကြာအင်းကို မောင်းနှင်လာတဲ့ မော်တော်ယာဉ် ၁ စီးဟာ ပြည်ထောင်စုလမ်းမပေါ် လားရာတူမောင်းနှင်လာတဲ့ ဆိုင်ကယ် ၁ စီးနဲ့ တိုက်မိပြီး အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင်လမ်းကြားမှ ထွက်လာတဲ့ ဆိုင်ကယ် ၁ စီးနဲ့ ဓာတ်တိုင်အား ထပ်မံတိုက်မိမှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ ယာဉ်တိုက်မှုဖြစ်ပွားရာကို မိုးကောင်းမြို့နယ်မီးသတ်စခန်း မီးသတ်တပ်ဖွဲ့ဝင်တွေက သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူ ကျား ၁ ဦးနဲ့ မ ၁ ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) တို့အား မိုးကောင်းမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။
1 year Ago
Up